[ Zawgyi ]
" ယောင်း "
ခြောက်ဆယ့် ခုရက်မြောက် ....
ထယ်ယောင်းကို မဆက်သွယ်ဖြစ်သည်မှာ
ခြောက်ဆယ့်နဲ့မှ ခုရက်မြောက်သွားခဲ့ပြီဖြစ်
သည် ။ မဆက်သွယ်ဖြစ်ခဲ့ခြင်းမဟုတ်ပဲ မ
ဆက်သွယ်ရဲခဲ့ခြင်းဖြစ်သည် ။သူပြောခဲ့မိတဲ့စကား " ယောင်းမမြင်ချင်ရင်
ဘယ်တော့မှယောင်းရှေ့ပေါ်မလာဘူး " ...
ဒီစကားကို ရင်နာနာနဲ့ပြောခဲ့ရပေမယ့် ထယ်
ယောင်းကတော့ တကယ်နေနိုင်သည်ထင်
ပါရဲ့ ။နှစ်ယောက်အတူနေဖို့ ရည်ရွယ်ပြီး ဂျွန်ကိုယ်
တိုင် ဖခင်ကိုအပူတိုက်ကာ ၀ယ်ခိုင်းခဲ့သည့်
တိုက်ခန်းငယ်ကို သော့ခတ်ကာ နောက်ဆုံး
အနေနဲ့ နှုတ်ဆက်ဖြစ်သည် ။" ကောင်းကောင်းနေခဲ့ပါ .... ကျွန်တော်က
တော့ ယောင်းမခေါ်မချင်း ပြန်မလာပါဘူး
စိတ်ချပါ ... "လေယာဉ်ချိန်နီးပြီဖြစ်၍ ဂျီမင်းကိုပင် ၀င်မ
နှုတ်ဆက်ဖြစ်ခဲ့ ။ တက္ကစီစီးကာ လေယာဉ်
ကွင်းသို့တန်းလာခဲ့သည် ၊ နောက်မှ ဂျီမင်း
ကိုအကျိုးအကြောင်းရှင်းပြမည်ဟု တွေး
ထားသည် ။တစ်ယောက်တည်းသွားချင်၍ မိဘတွေကို
ပင်လိုက်မပို့ဖို့ အတင်းတားခဲ့သည် ။ သူ
မျက်ရည်မကျချင်ပေမယ့် အနည်းဆုံးတော့
သူမသွားခင် သူချစ်ရတဲ့ ကောင်လေး မျက်
နှာကိုတော့ မြင်သွားချင်သေးသည် ။မဖြစ်နိုင်မှန်းသိနေတော့ ကျလာတဲ့ မျက်
ရည်စက်တွေကို လက်ဖမိုးဖြင့် ဖိသုတ်ရင်း
ကို့ကိုကိုယ် လှောင်ရယ်မိသေးသည် ။" ရူးလိုက်တာ ဂျွန်ရာ... မင်းကို ယောင်း
က ခွင့်လွှတ်မယ် ထင်နေတာလား "" ဘယ်သူက ခွင့်မလွှတ်ဘုး ပြောလို့လဲ "
ထိုအသံ ။ ခပ်ဩဩ အသံ ပိုင်ရှင် ။ သူ
နှလုံးသားထဲက ရင်းနှီးနေသည့် အသံ ။
ထယ်ယောင်း အသံ ၊ သူ အိပ်မက် မက်
နေတာလား ။ မဟုတ်လောက်ဘူး လို့
လည်း သူ့ဟာသူ တွေးသည် ။ သူ၏
အနောက်ဘက်က ထွက်လာသည့် ထို
အသံပိုင်ရှင်ကို သူလှည့်မကြည့်ရဲခဲ့...." ဂျွန် ဂျောင် ဂု "
တစ်လုံးချင်း ပီပီသသ ခေါ်လာပြန်သည် ။
သေချာပါသည် ။ ဒါလုံးဝ ယောင်းအသံဆို
တာပေါ့ ...
![](https://img.wattpad.com/cover/219719667-288-k939562.jpg)
YOU ARE READING
WALLY BOSS ||YOONMIN [completed]
Fanfiction.. CEO Park jimin × Secretary Min Yoongi .. .. Mature Warning alert Smut Starting date - 20200408 Ending date - 20220214