Before Me

1.4K 23 6
                                    

1. Problem

ပုံမှာတွေ့တာလေးကတော့ ဆယ်ကျော်သက်အရွယ်တည်းက ခံစားခဲ့ရတဲ့ မျက်နှာအသားအရေ ပြဿနာလေးပါ… အသားအရေ ခြောက်ကပ်ကြမ်းတမ်းပြီး ၀က်ခြံ, ဆားဝက်ခြံ, အဆီဖု နဲ့ လက်ဆိပ်တက်တဲ့ မျက်နှာလေးပါ…

Skin care သုံးဖို့ ပိုက်ဆံတတ်နိုင်လာတည်းက မြန်မာပြည်ကို ၀င်လာတဲ့ Branded တော်တော်များများ Y ၀ယ်သုံးခဲ့ပါတယ်... စိတ်လည်းရှည်ခဲ့ပါတယ်… Product တစ်ခုကို အနည်းဆုံး 3ဗူးကုန်တဲ့အထိ ဆက်တိုက်ဝယ်သုံးပါတယ်... ဒါမယ့် ဘာမှ မထူးခြားလာပါဘူး... မုန့်လုံးစက္ကူကပ်နေသလိုပါပဲ...

ဒီ Brand အဆင်မပြေလို့ နောက် Brand တစ်ခုကို စွဲသုံးတယ်… ဒီတိုင်းပါပဲ… လူကြီးတွေပြောတဲ့ အိမ်သုံးနည်းတွေလည်း အကုန်လိုက်လုပ်ပါတယ်… သနပ်ခါးတွေ ညဆို လူးတယ်… အဖုတွေကို ညှစ်ပြီးတော့ မျက်နှာကို သနပ်ခါးနဲ့ သံပုရာရည်သွေးထားတာလူးတယ်… စပ်ပြဲနေတာပဲ… မနက်ဆို သွေးတွေတောင်စို့တယ် အဖုတွေက… သက်သာတယ် ရက်ပိုင်းပဲ…

ကသစ်ဖုသွေးလူးဆိုလို့ ဈေးထဲက ရိုးရာဆေးဆိုင်မှာ ကသစ်ဖုတွေဝယ်… ရေဆေး နေလှန်းပြီး ညတိုင်းလက်ညောင်းမတတ်သွေးလူးတယ်…

Tetracycline Capsule တွေကို အမှုန့်တွေထုတ်ယူ... ပီးတော့ အုန်းဆီနဲ့ ရောလူး… စပ်ပြဲပြီး အသားဖတ်ပါ လန် တယ်...

သခွားသီး ခရမ်းချဉ်သီး အာလူး ပျားရည်… မီးဖိုချောင်ပစ္စည်းအစုံပဲ မျက်နှာပေါ်ရောက်တယ်… အရှင်းပျောက်သွားတယ်ဆိုတာမရှိဘူး…

Y လည်း ပျောက်ချင်တာပေါ့… အသားအရေလေး နုနုလေး ဖြစ်ချင်တာပေါ့… ပိုက်ဆံလေးကလည်း သုံးနိုင်နေတော့ ကြော်ညာသမျှတွေ လိုက်ဝယ် စမ်းသုံး… ကောင်းနိုးရာရာ တွေ လိုက်လုပ် လိုက်သုံး ဘယ်လိုမှကို ပြဿနာက မငြိမ်းဘူး…

ရာသီသုံးပါးလုံး မျက်နှာမှာ ပြစ်ချက်တွေချည်း… အစားအသောက်လည်း ပုံမှန်ပဲစားတာ… Skin ကို ထိခိုက်စေမယ့် တစ်ဖက်သတ်ဆန်တဲ့ အစားအသောက်တွေရှောင်တယ်…

ရေနွေးတွေ ရေခဲတွေလည်း သုံးလိုက်တာပဲ…

နောက်ဆုံးကျတော့ လေဆာနဲ့ ပစ်မယ်ပေါ့ဆိုပြီး ပိုက်ဆံတွေစု…   လေဆာရဲ့ ကောင်းကျိုးဆိုးကျိုးတွေ လေ့လာ… လေဆာပစ်မယ်လို့ ကြွေးကြော်လိုက်တာသာ 3နှစ်လောက်ကြာသွားတယ်… မပစ်မိဘူး ဝေ့၀ိုက်နေတာ… မျက်နှာကလည်း ပိုပိုဆိုးတာတယ်…

ဟိုမှာ ကျောင်းခဏတက်လိုက်တဲ့ အချိန်မှာ လူမျိုးခြား ဒေါက်တာတစ်ယောက်နဲ့ ရင်းနီးပြီး သူက ဥာဏ်အလင်းပေးလိုက်တယ်… Y လည်း စဉ်းစားရင်း သုံးနေကျတွေသုံးရင်းနဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်…

ဒီနေ့က စပြီး ရေနဲ့ပဲမျက်နှာသစ်မယ် 3 လဆက်တိုက်ဆိုပြီး မျက်စိရှေ့က သုံးလက်စ Skin care တွေ အကုန် အိတ်ထဲသေချာ ထုပ်ပိုးပြီး စည်ပင်သာယာ အမှိုက်ကန် ထောင့် လေးမှာ သွားထားလိုက်တယ်... ဖွင့်ကြည့်လို့ အသုံးတည့်တဲ့ သူ ရှိရင် ယူလို့ရအောင်…

Skin care တွေ အကုန် Cancel လိုက်တဲ့ ရည်ရွယ်ချက်က Y နောက် 3လမှာ Dermatologist နဲ့ ပြပြီး Skin care routine အသစ် သေချာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်... 3လ သတ်မှတ်ရခြင်းက မျိုးစုံးသော Brand တွေရဲ့ Chemical Effect တွေထိထားတာကို ပြယ်သွားစေချင်လို့... 3လ အတွင်းမှာ အရင်သုံးနေကျ Skin care effect တွေ အာနိသင်ကုန်အောင်... အဟောင်းတွေရဲ့ အာနိသင်ကုန်မှ အသစ်သုံးရင် သွားမငြိမှာဆိုပြီး Y ဘာသာ ဆုံးဖြတ်လိုက်တယ်... မှန်သွားတယ်…

ရေနဲ့ မျက်နှာသစ်တယ်… အချိန်ရသလို လက်ကိုင်ပ၀ါလေးထဲ ရေခဲထည့်ပြီး မျက်နှာပေါ်က ပြစ်ချက်လေးတွေကို ကပ်ပေးတယ် 3လ လုံးလုံး… ရေတော့ များများသောက်တယ်… ရေ ကုထုံးပေါ့… စိတ်တော့ရှည်ရတယ်… ဘာဆိုဘာမှ မသုံးတော့ လူများကြားထဲ သိတော့ သိသာတာပေါ့… ဒါမယ့် Confidence မလျော့သွားဘူး…

Y က Y မျက်နှာကို မြေဆီလွှာလို့ သတ်မှတ်လိုက်တယ်… ဒီ မြေဆီလွှာကောင်းဖို့ အားဖြည့်တဲ့အခါမှာ အချိန်လိုတယ်ဆိုတာကိုလည်း Y လက်ခံနိုင်တော့ နေရတာအဆင်ပြေတယ်… အရင်က မျက်နှာကို အားတိုင်း ကလိတာ… ဖောက်တယ် ညှစ်တယ် ကုတ်တယ်… အဲ့ 3လမှာ မျက်နှာသုတ်ပ၀ါတောင် Y မသုံးဘူး… လေနဲ့ပဲ အခြောက်ခံတာ…

ရုန်းကန်ရင်း 3လ ပြည့်တော့ (မောင့်) သူငယ်ချင်း အရေပြားဆရာဝန် နဲ့ y တိုင်ပင်တယ်… သူ့ကို Y ရဲ့ History တွေ Life Style တွေ သေချာရှင်းပြတယ်... History ဆိုတဲ့နေရာမှာလည်း သုံးဖူးခဲ့တဲ့ Product တွေရယ် သုံးခဲ့တဲ့ ကာလတွေကို မထိန်ချန်ပဲပြောတယ်... လက်တည့်စမ်း ကလိခဲ့တဲ့ နည်းတွေကိုလည်း ပြောတယ်... 3လ ရေကလွဲလို့ ဘာ Chemical မှ မထိထားတာပြောတယ်...

Life style ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့အလုပ်, အသွားများတဲ့ နေရာ, အစားအသောက် စတာတွေကို အကုန်ပြောပြတယ်…

Dr က ဒီလောက် သည်းခံနိုင်တာ လေဆာတောင် မလိုပါဘူးတဲ့… Infection ဖြစ်ထားလို့ ပိုးသတ်ပေးမယ့် လိမ်းဆေးလေးလူးပြီး အားလုံးရှင်းသွားရင် အာရုံရတဲ့ Skin care သုံးကြည့်ပါဆိုပြီးအကြံပေးတယ်…

Y လူးရတဲ့ဆေးကတော့ Clindamycin compound ပါတဲ့ဟာ… သူကတော့ လူးချင်သလို လူးလို့မရဘူး Compound ရဲ့ Percentage ရှိသေးတယ်… Clindamycin ရာခိုင်နှုန်း ဘယ်လောက်ပါတဲ့ဟာ သုံးသင့်လဲဆိုတာတော့ Dermatologist က ဆုံးဖြတ်ပေးတယ်…

Y ရေနဲ့ မျက်နှာသစ်တယ်... Clindamycin လူးတယ်... Vistra က ထုတ်တဲ့ Gotu Kola သောက်တယ်... Gotu Kola က ၀က်ခြံဖြစ်စေမယ့် infection တွေကို ကာကွယ်ပေးတယ် ချိုင့်ခွက်တွေကို သက်သာစေတယ်... ဆေးလိမ်း ဆေးသောက် 3လအကြာမှာ ဆိုးရွားနေတဲ့ ပြစ်ချက်တွေ ပါးလာတယ်... 3ဖု 4ဖုလောက်ပဲ ကျန်တော့တယ်...

အဲ့အချိန်က အရမ်း Excited ဖြစ်ရသလို ခေါင်းလည်း စားရပြီ... ဘယ် Brand ကို ရွေးမှာလဲ ဘာတွေ သုံးမှာလဲပေါ့... ဒီအတိုင်းတော့ ထားလို့မရဘူး... အခုခေတ် စကားနဲ့ဆို Glow နေရမှာကိုး... Glow ဖို့ အတွက်က ဖြည့်စွက်စာတွေ လိုပြီလေ... အဲ့တော့ Google တွေခေါက် Page တွေမှာ Review တွေဖတ်ပြီး အာရုံခံ ရတာပေါ့နော်... ထပ်ဖြစ်ရင် y ပဲ ခံရမှာလေ...

အချိန်တော်တော်ယူပြီး Product တွေ ရွေးထုတ်လိုက်တယ်... ၀ယ်လိုက်တယ်... Confidence ရှိရှိ လူးလိုက်တယ်… 1ရက် 2ရက် အဆင်ပြေတယ်... 3ရက်မြောက် ပြန်ထွက်တယ်... Routine အစမို့ မြုံနေတာတွေ ပေါ်လာတာနေမှာပါဆိုပြီး ဆက်သုံးတယ်... အခုဆို 2နှစ်ကျော်ပြီ... ရာသီအပြောင်းအလဲကြောင့် တစ်လုံးတစ်လေ ထွက်တာကလွဲရင် မျက်နှာလေးက Glow လာတယ်…

အချိန်ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ရတာပေါ့… စိတ်ရှည်ရတယ် သည်းခံရတယ်… နောက် Secret တစ်ခုက မှန်ကြည့်တိုင်း (ကျနော် ခေတ်သျှန်လင်း မျက်နှာ ပြစ်မျိုးမှဲ့မထင် ဖြစ်ပါစေ) ဆိုပြီး ဆုတောင်းတယ်… ဒါ ယုံကြည်မှုပေါ့နော်… ဂရုစိုက်မှုတွေ ယုံကြည်မှုတွေ ပေါင်းစပ်လိုက်တော့ ပန်းတိုင်ရောက်တယ်ပေါ့…

နောက် ခေါင်းစဉ်အောက်မှာ ပါတဲ့ Product တွေက Y 2နှစ်ကျော် နေ့တိုင်းလက်တွေ့သုံးနေတဲ့ Product လေးတွေပါ... Sharing လုပ်ပေးလိုက်ပါတယ်...


Skincare Routine by Khit Shan LynnМесто, где живут истории. Откройте их для себя