Night Care

396 10 0
                                    

3rd Step- Night Care


1. L’OREAL Revitalift Toner (~10,000 Ks)

(Day မှာ ပြောပြီးပြီ ဆိုပေမယ့် Night မှာလည်း တစ်ခါထပ်သုံးလို့ ထပ်ပြောပါမယ်နော်) Toner ကတော့ မဖြစ်မနေ ပါဝင်ရမယ့် Hero လေးပါ... ဆပ်ပြာနဲ့ မျက်နှာသစ်ပြီးပေမယ့် ကပ်ကျန်ခဲ့တဲ့ Particles တွေနဲ့ ဆပ်ပြာအကြွင်းအကျန်တွေကလည်း အသားအရေ ပြဿနာကို ဖန်တီးပေးပါတယ်... ဒါကြောင့် Toner လေးကို Cotton Pad လေးထဲထည့်ပြီး မျက်နှာသစ်ပြီးတိုင်း ပွတ်ပေးရပါမယ်... Toner က ချွေးပေါက်တွေကို ကျဉ်းစေပြီးတော့ နောက်ထပ်သုံးမယ့် Skin care တွေရဲ့ အာနိသင်ကို ထိရောက်အောင် ကူညီပေးပါတယ်...


2. L’OREAL Revitalift Crystal Micro Essence RED (~25,000 Ks)

အနီလေးအကြောင်း ပြောမယ်နော်… အဖြူရောင်လေး မထွက်ခင်ကဆို အနီရောင်ကိုပဲ Day ရော Night ရော သုံးတယ်... အဖြူလေး နဲ့ အနီလေး ကွာဟချက်က Texture ပါ... အဖြူလေးက လုံးဝ water type (ကျဲကျဲလေးပေါ့)... အနီလေးကတော့ နည်းနည်းလေး စေးပစ်တယ်... အဲ့တော့ Day လို လှုပ်ရှားနေရတဲ့အခါများတော့ အဖြူလေးကို သုံးပြီး... Night လို အနားယူတဲ့ အခါတော့ အနီလေးကို သုံးတယ်…

အနီလေးရဲ့ အာနိသင်က သူက အရေပြားရဲ့ အတွင်းပိုင်း 8လွှာထိ စိမ့်ဝင်ကုသပေးတယ်… အိုမင်းရင့်ရော်စေတဲ့ အဓိက 8နေရာကို ကာကွယ်ကုသပေးပါတယ်… အသက် 25 ကျော်တွေအတွက် သင့်တော်ပါတယ်… ဖြစ်နိုင်ရင် အဖြူလေးရယ် အနီလေးရယ် တွဲသုံးစေချင်ပါတယ်...

Essence တစ်ခုရဲ့ ကောင်းကျိုးတွေကို လက်တွေ့ ခံစားကြည့်ပါ… အရေပြားရဲ့ အတွင်းကို အားဖြည့်ပေးလို့ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ကျန်းမာပြည့်စုံတဲ့ အလှတရားလေး ရလာမှာပါနော်... တစ်နေ့တာလုံး ဘာမှ မသုံးချင်ရင်တောင် Essence Water လေးတော့ သုံးပေးပါနော်...

3. L’OREAL White Perfect Total Recover Sleeping Mask (~18,000 Ks)

Sleeping Mask… သူက Gel Type လေး... ညဖက် မျက်နှာသစ် Toner လူး Essence Water လေးလူးပြီးတာနဲ့ သူ့ကို လိမ်းအိပ်ရမယ်... သူရဲ့ အာနိသင်က 3လအတွင်း အမဲစက်တွေ ပါးလာပြီး အသားအရေ ညီညာကြည်လင်စေတယ်... မနက်မိုးလင်းရင် မျက်နှာလေးက အစိုဓာတ်ပြည့်ဝပြီး ကျန်းမာနေတဲ့ အသားအရေပုံစံလေးရစေတယ်… သူ့ရဲ့ Texture က Gel Type ကိုမှ Jelly အစေ့လေးတွေပါတယ်… အဲ့ Jelly အစေ့လေးတွေကို စိမ့်ဝင်အောင် လူးပေးရမယ်… လူးခါစ မိနစ်အနည်းငယ်မှာ အနည်းငယ်စပ်ဖျင်းဖျင်းဖြစ်ပေမယ့် မစိုးရိမ်ပါနဲ့…

ပုံမှန်အားဖြင့်တော့ Night Cream ကို သုံးကြပေမယ့် Y ကတော့ Night Cream ထက် Sleeping Mask လူးရတာ သဘောကျလို့ Sleeping Mask ကို နေ့တိုင်းလူးတာပါ… တချို့ကတော့ Sleeping Mask ကို တစ်ပတ်ကို 3ကြိမ်လောက်ပဲသုံးပါတယ်… ကိုယ် ကြိုက်သလိုပေါ့…

4. Borges Classic Olive Oil (~5,000 Ks)

ဒီသံလွင်ဆီလေးကိုတော့ Y က ညဖက်သုံးပါတယ်… စုတ်တံလေးနဲ့ တို့ယူပြီးတော့ မျက်ခုံးမွှေးလေးရယ် မျက်တောင်မွှေးလေးတွေရယ်ကို တို့ထိလူးပေးပါတယ်… မျက်ခုံးကို သဘာဝအတိုင်း နက်မှောင် သန်စွမ်းစေပြီး မျက်တောင်လေးတွေလည်း အားပြည့်ကာ ကော့ညွှန့် ရှည်ဖြာလာပါတယ်… နှုတ်ခမ်းကိုလည်း လူးပေးရင် သဘာဝပန်းသွေးရောင် နှုတ်ခမ်းသားလေးကို ဖြစ်စေပြီး နှုတ်ခမ်းသားကွဲတာ ကာကွယ်ပေးပါတယ်…

လက်သည်းခွံလေးတွေကို သုတ်လိမ်းပေးရင် သဘာဝအတိုင်း ကြည်ပြောင်ပြောင်လေးဖြစ်ပြီး ကျန်းမာတောက်ပတဲ့ လက်တစ်စုံကို ပိုင်ဆိုင်စေပါတယ်… ခြေဖမိုးတွေကို လူးပေးပြီး အိုမင်းမှုကင်းတဲ့ ခြေထောက်လေးတစ်စုံ ဖန်တီးယူလို့ရပါတယ်…

Skincare Routine by Khit Shan LynnOpowieści tętniące życiem. Odkryj je teraz