1st Step- Cleansing1.L’OREAL Micellar Water (~9,000 Ks)
Y တို့ မျက်နှာမသစ်ခင်မှာ တစ်နေကုန် ထိတွေ့လာရတဲ့ လေထုရဲ့ အညစ်အကြေးတွေကို သူက သန့်စင်ပေးပါတယ်… Site ထဲ ဆင်းရသူတွေ, ငွေစက္ကူတွေကိုင်နေရတဲ့ Banker တွေ, Make up လိမ်းလေ့ရှိသူတွေ သုံးသင့်ပါတယ်... Cotton Pad လေးထဲထည့်ပြီး ပွတ်ရုံပါပဲ... သုံးပြီးရင်လည်း မျက်နှာအသားအရေက ခြောက်သွေ့မသွားဘဲ နူးနူးညံ့ညံ့ အညစ်အကြေးကင်းစင်နေတဲ့ feeling လေး ရစေပါတယ်…
2.DR Z 3x Foam (~20,000 Ks)
Micellar Water သုံးပြီးရင် Y က DR Z နဲ့ မျက်နှာသစ်တယ်… သူက Sensitive သမားတွေအတွက်လည်း အဆင်ပြေတယ်… နူးညံ့တဲ့ Texture ရှိတယ်… ပန်းသီးစိမ်းရဲ့ အာနိသင်တွေက Cleansing လုပ်ရင်း skin ကို ကုသပေးတယ်… သုံးပြီးရင်လည်း မျက်နှာလေးက စိုအိအိလေး… DR Z Foam ကိုတော့ Y က မနက်ပိုင်းသုံးတယ်…
3.Nature Republic Jeju Sparkling Foam (~20,000 Ks)
သူ့ကိုတော့ Y က အလုပ်က ပြန်လာတိုင်းသုံးတယ်… သူက Mud type scrub အာနိသင်ပါတော့ ဆားဝက်ခြံတွေ အဆီဖုတွေကို သက်သာစေတယ်… အဆီတွေ ဖုန်တွေ ချွေးပေါက်မှာ ပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်… တစ်ပတ်တစ်ခါ scrub လုပ်ဖို့ပျင်းရင် ဒါလေးသာဆောင်ထား… သူက Daily သုံးလို့ရတယ်… သူ့ရဲ့ Texture ကလည်း နူးညံ့တယ်… Y ကတော့ ဆဲလ်အသေတွေ ရှင်းပေးနိုင်လို့ သူ့ကို ကြိုက်တယ်… လုပ်ငန်းခွင်က ပြန်လာတိုင်းသုံးတယ်…