Day Care

473 13 0
                                    

2nd Step- Day Care

1. L’OREAL Revitalift Toner (~10,000 Ks)

Toner ကတော့ မဖြစ်မနေ ပါဝင်ရမယ့် Hero လေးပါ... ဆပ်ပြာနဲ့ မျက်နှာသစ်ပြီးပေမယ့် ကပ်ကျန်ခဲ့တဲ့ Particles တွေနဲ့ ဆပ်ပြာအကြွင်းအကျန်တွေကလည်း အသားအရေ ပြဿနာကို ဖန်တီးပေးပါတယ်... ဒါကြောင့် Toner လေးကို Cotton Pad လေးထဲထည့်ပြီး မျက်နှာသစ်ပြီးတိုင်း ပွတ်ပေးရပါမယ်... Toner က ချွေးပေါက်တွေကို ကျဉ်းစေပြီးတော့ နောက်ထပ်သုံးမယ့် Skin care တွေရဲ့ အာနိသင်ကို ထိရောက်အောင် ကူညီပေးပါတယ်...

2. L’OREAL Revitalift Crystal Micro Essence White (~25,000 Ks)

သူကတော့ နှစ်ရောင်ရှိတယ်… အဖြူနဲ့ အနီ… Y အသားအရေကို တကယ်ပြန်ကောင်းစေတာ သူ့အစွမ်းတွေ အများကြီးပါတယ်… အဖြူလေးကတော့ ထွက်တာမကြာသေးဘူး But Y က အနီထွက်တည်းက သုံးနေတော့ သူ့ အာနိသင်ကို စိတ်ချတယ်…

Essence Water အဖြူလေးက အရေပြားရဲ့ အောက် 10လွှာထိ စိမ့်ဝင်ကုသပေးတယ်... မျက်နှာပေါ်ရောက်တာနဲ့ အေးအေး ကြည်ကြည် ပြောင်ပြောင်လေးဖြစ်သွားတယ်… Texture လေးက လုံးဝ Water type... သူကတော့ အသက် 25 အောက်အတွက် ပိုသင့်တော်တယ်... Whitening လိုချင်တဲ့ သူတွေအတွက် သင့်တော်တယ်...

ပုလင်းလေးကို လှုပ်မယ်… လက်ဖ၀ါးထဲထည့်မယ် 5 စက်လောက်… ပုတ်ပုတ်ပြီး လိမ်းပေးမယ်… လုံးဝ သိသာတယ် result က… တခါတလေ Essence Water လေးပဲလူးသွားရင်တောင် ကြည်ပြောင်နေတာ... Y အဖြူလေးသုံးတာတော့ ဒါ 3 ပုလင်းမြောက်...

မဖြစ်မနေ ဒါလေး သုံးသင့်ပါတယ်… အနီလေးအကြောင်းကို Night Care မှာ ပြောပြပေးမယ်…

3. L’OREAL Revitalift Laser X3 Day Cream (~35,000 Ks)

L’OREAL မှာ Series တွေအများကြီးရှိတယ်... ကိုယ်နဲ့ သင့်တော်တာရွေးနိုင်ပါတယ်… Y ကတော့ 3 ထိပ်စီးလည်း ကပ်နေတော့ အခုတည်းက Anti Aging ပါတဲ့ Series ကို သုံးဖြစ်တယ်... Essence Water လူးပြီးတာနဲ့ Day Cream ကို y လူးတယ်... Day Cream က ပြင်ပက အသားအရေကို ထိခိုက်စေမယ့် အရာတွေကို ကာကွယ်ပေးပြီး တစ်နေကုန် ကုသပေးတယ်... y အခုသုံးနေတဲ့ Laser x3 က အရေးအကြောင်းကို ကာကွယ်ပေးတယ်, Skin အလွှာသစ်ဖြစ်ဖို့ ထောက်ပံပေးတယ်, အမည်းစက်နဲ့ ချွေးပေါက်တွေကို လျော့ပါးစေတယ်…  Anti Aging  ပါတော့ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်... ပြစ်ချက်ကင်းတဲ့ မျက်နှာအသားအရေကို အချိန်တစ်ခုမှာ ဖန်တီးပေးတယ်…

သူ့ Texture လေးက မွှေးပြီး လူးလိုက်ရင် အဆီမပြန်ဘဲ Glow နေစေတယ်... Y က မျက်နှာပေါ် အစက်လေးတွေ ချပြီး စိမ့်ဝင်အောင် နှိပ်ပေးတယ်... Day Cream လူးပြီးရင် ယောကျာ်းလေးတစ်ယောက် အတွက်က ပြည့်စုံသွားပြီ... မိန်းကလေးတစ်ယောက် ဆိုရင်တော့ Day Cream လိမ်းပြီးတာနဲ့ Foundation လေးထပ်လူးရင် Perfect ပဲ...

Skincare Routine by Khit Shan LynnOù les histoires vivent. Découvrez maintenant