အပိုင်း ( 5 ) Uni

1.1K 75 0
                                    

"ဒေါင် ဒေါင် ဒေါင်"

"မီးဟေ့ မီး "

" David ရဲ့ မုန့်ဖိုမီးလောင်လို့ဟေ့ "

ရုတ်ရုတ်သဲသဲဖြစ်သွားသည့် ဤကဲ့သို့သော အခြေအနေမျိုးမှာ Xaniverတို့ထွက်ပြေးဖို့အခွင့်အရေးရလိုက်သည်။
သို့သော်

"ကလေးတို့ ဟိုထောင့်လေးမှာ ခဏပုန်းနေနော်။
Daddy လိုက်ပို့ပေးမယ်။"

"Daddy Xan ကျွန်တော်တို့ ပြေးကြမယ်လေ။
Daddy က ဘယ်သွားမလို့လဲ။ "

Phoniex က ဤကဲ့သို့မေးသော်လည်း Noraကမူ Phoniex ၏လက်ကို ဆုပ်ကိုင်လိုက်ကာ တားဆီးလိုက်သည်။

ထိုသူ ဘာလုပ်ချင်ချင် သူခွင့်ပြုမည်ဖြစ်ပြီး
အန္တရာယ်ကြုံလာမှ သူကာကွယ်ပေးမည်ဟု Nora က ဆုံးဖြတ်သည်။

"Daddy ဂရုစိုက်ပါ"

Xavier ခေါင်းညိတ်ကာပြုံးပြလိုက်ပြီး ထိုသိတတ်လွန်းသော ကလေးနှစ်ယောက်ကို တစ်ချက်စီနမ်းလိုက်သည်။

ထို့နောက် အနီးနားကရေပုံးတစ်ခုကို ဆွဲယူကာ မီးစွဲနေသောပေါင်မုန့်ဖိုဆီသို့ အပြေးသွားကာ မီးငြိမ်းသတ်ရန်ကြိုးစားနေတော့သည်။ အနီရောင်မီးလျှံများကြားတွင် မိုးပြာရောင်ပုံရိပ်လေးက ခေါက်တုံ့ခေါက်ပြန်ဖြင့်။

Nora တို့ကတော့ ထိုအဖိုးကြီးကို ကူညီရန်အစီအစဥ်မရှိ။
တကယ်လည်း သူတို့မုန့်ခိုးခဲ့မိသည်။ ဤသည်က မကောင်းသည့်လုပ်ရပ်ဖြစ်မှန်း ဖာသာကဆုံးမခဲ့ပြီး
ပေါင်မုန့်ဖိုးများကိုလည်း ပြန်လျော်ပေးခဲ့ပြီးသား။
ထိုလောဘကြီးသောအဖိုးကြီး၏ ပေါင်ဖုန့်ဖိုသာမက
အိမ်ကိုပါမီးရှို့ပစ်ချင်မိသော်လည်း သူတို့ Daddy က
ကူညီလိုစိတ်ပြင်းပြလွန်းနေလေသည်။

"Nora"

Phoniex က ခေါ်လိုက်သည်။

"မင်း လုပ်လိုက်တာမလား"

Nora ခေါင်းညိတ်ပြလိုက်သည်။
Phoniex အတွက်က Nora ၏ထိုအပြုအမူနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။
သူတို့၏ Daddy မသိသည်က Nora ဟူသောကလေးငယ်က မိဘမဲ့ဂေဟာမှာ ရှိစဥ်ကတည်းက
မည်သူနှင့်မျှစကားမပြောဘဲ မည်သူ၏ ထိတွေ့ခြင်းကိုလည်းမခံသောသူဖြစ်ကြောင်းကိုပင်။
သူစကားပြောသောသူက Phoniex တစ်ယောက်တည်းကိုသာဖြစ်ပြီး တကယ်ကို ကြုံတောင့်ကြုံခဲအချိန်မျိုးတွင်သာဖြစ်သည်။

Daddy !!!! We love you.Where stories live. Discover now