အပိုင်း ( 7 ) Zaw

551 31 0
                                    

Xanvier ငယ်စဉ်မှ အစောဆုံး မှတ်မိသည့်မှတ်ဉာဏ်တးမှာ သူယခုနေထိုင်သည့်အိမ်တော်၌ပင် အစပြုခဲ့သည်။
ဆိုလိုသည်က သူ့မှာ Anderson မိသားစုနှင့် ပတ်သတ်သည့် မှတ်ဉာဏ်မျိုးမရှိ။သို့သော် သူ့မျိုးရိုးနာမည်ဖြစ်နေသည့်အပြင် သူ့မိသားစုနာမည်လည်းဖြစ်သောကြောင့် သွေးကရေထပ်ပျစ်သည်ပဲ ဆိုဆို ၊ Anderson မိသားစုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို စူးစမ်းချင်စိတ် အမြဲရှိလေသည်။
သို့သော်လည်း သူ၏အကိုတော်Shun က သူ့ကို အနည်းငယ်မျှသာပြောပြခဲ့သည်။ ထိုသို့ပြောပြခဲ့သည့်အရာများ၌လည်း "ကျိန်စာ" ဟူသောအကြောင်းအရာမျိုး မပါခဲ့ချေ။

Tyler က သူ့ကိုတအံ့တသြဖြင့်ကြည့်ပြီး မေးလာသည်။

" သခင်လေး ကျိန်စာ အကြောင်းမသိဘူးဆိုတာတော့ ကျွန်တော် အံ့သြမိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းကဆိုတော့ ကြာတာတော့ ကြာ​နေပြီပေါ့။
ဒါပေမယ့်လည်း အစ လိုက်ဆွဲထုတ်နေတဲ့သူတွေလည်း ရှိနေသေးတော့ အဲဒီ ကျိန်စာ ဆိုတာကြီးက ကောလဟာလမီး မငြိမ်းသေးဘူးပဲ ဆိုပါတော့ ။ "

" သခင်လေး မသိသေးဘူးဆိုရင်တော့ ကျွန်တော်ပြောပြပါ့မယ်။ သခင်လေး ကြိုပြီး သတိထားလို့ ရအောင်ပေါ့ ။
ကျွန်တော့်အဖေ​ ကျွန်တော့်ကိုငယ်ငယ်လေးကတည်းက ပြောပြခဲ့တဲ့ အရာတစ်ခုပါ။
Alpha land ရဲ့ စစ်အင်အားစုအရင်းအမြစ်ဖြစ်တဲ့
Anderson မိသားစုကို မလိုမုန်းထားတဲ့သူတစ်ချို့က အလွန်ကြောက်မက်ဖွယ်ကျိန်စာတစ်ခုတိုက်ခဲ့တယ်။
Alpha တွေသာမွေးဖွားလေ့ရှိတဲ့ ဒီမျိုးရိုးမှာomega တစ်ဉီးမွေးဖွားလာခဲ့လျှင် ထို omega ကလေးငယ်ဟာ အရွယ်ရောက်လာသည်နှင့် ဆန္ဒမပြည့်ဝမှုကို လပြည့်ညတိုင်း
ခံစားရပြီး မတင်းတိမ်နိုင်ဖြစ်လိမ့်မည်။ သူ heat တက်ချိန်တွင် မည်သည့်Alpha မှ မခံစားနိုင်ပဲ သူ့ကိုရှာဖွေကာ စပ်ယှက်ဖို့ကြိုးစားကြလိမ့်မည်။
သူနှင့်ပတ်သတ်ဖူးသည့် Alphaသည် အဆုံးစွန်သောခွန်အားနှင့် ကံကောင်းမှုများရရှိကာ
Anderson မိသားစု၏ ခေါင်းဆောင်ဖြစ်လာလိမ့်မည်။"

" ထိုမျှ ၅ နှစ်ကြာလွန်ပြီးသည့်တိုင်အောင် သူ့အပေါ် လိင်ကိစ္စနှင့်မပတ်သတ်ဘဲ မြတ်နိုးအပ်သည့်သူ မရှာတွေ့ခဲ့သော် ၊ ထိုသူ၏ အမှတ်အသားပြုမှုမရခဲ့သော် ထိုကလေးငယ်ဟာ နှလုံးအိမ်ကို ဓားပေါင်းသောင်းချီထိုးသကဲ့သို့ ခံစားရပြီး သေဆုံးရလိမ့်မည်။ "

Daddy !!!! We love you.Where stories live. Discover now