အပိုင်း ( 11 ) Uni

1.8K 87 10
                                    

ကြွေကွဲဟန်အပြည့်ဖြင့် နောက်ကြောင်းပြန်တော့မည်ဖြစ်သော ဖာသာအတုJack ကိုကြည့်ကာ
Xanvier စာနာမိသွား၏။ သူ အမှန်ပင်နားထောင်ပေးချင်ပါသည်။သို့သော်လည်း သူ့မှာ အိမ်၌စောင့်နေသူများရှိလေ၏။သူ မြန်နိုင်သမျှမြန်မြန်လွတ်မြောက်မှ ဖြစ်ပေမည်။ ထို့ကြောင့် သူ သိပ်များများမစဥ်းစားလိုက်ဘဲ ကြားဖြတ်ပြောလိုက်မိသည်။

"နေပါဦး ။ ဖာသာ..."

ပြောနေရင်းမှ ဖာသာက 'သူ ဖာသာ မဟုတ်ပါ' ဟု ပြောခဲ့သည်ကို ရုတ်ချည်းသတိရသွား၏။

"လူကြီးမင်း Jack ပြောပြတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျွန့်တော့်အတွက် အခုလိုမျိုး သေမလား ၊ ရှင်မလား အခြေအနေမှာ လူကြီးမင်းပြောတာထိုင်နားထောင်နေလို့ ဘာအကျိုးရှိမှာလဲ။ ကျွန်တော့်ဘာသာလွတ်အောင်ကြိုးစားတာကမှ ကျွန်တော့်အတွက် ပိုအဆင်မပြေဘူးလား "

Jackက ပြောနေသည့်စာကြောင်းကိုပင် အဆုံးမသတ်နိုင်တော့ဘဲ ဆွံ့အသွားဟန်ဖြင့် Xanvierကို စိုက်ကြည့်လာလေသည်။
သူ၏ မျက်နှာက မှိုင်တွေနေလျက်။
ပြောပြီးတခဏနေတော့မှ Xanvierသည် Jack၏ မှိုင်သွားသောမျက်နှာကို ကြည့်နေရင်း အားနာစိတ်များ၀င်လာတော့သည်။ထို့ကြောင့် မြန်မြန်ပင် ပြန်ပြင်ပြောလိုက်မိသည်။

"ကျွန်တော်ပြောတာ ထားလိုက်ပါ။ လူကြီးမင်း ပြောစရာရှိတာ ဆက်ပြော။ ကျွန်တော်နားထောင်ပေးပါ့မယ်။ တော်တော်အရေးကြီးတဲ့အကြောင်းဖြစ်ပုံရတယ်။ "

Xanvierအနေနဲ့ မျိုးရိုးမြင့်သခင်လေးတစ်ယောက်က သူများစကား ကြားဖြတ်မပြောသင့်ပါဟု ထင်သည်။

Xanvier ၏ စကားအဆုံး ထိုလူက အနည်းငယ်အံ့သြသွားကာ မျက်လုံးများကလည်း အတန်ငယ်မျှပြူးကျယ်သွားသည်။ တစ်စက္ကန့်ကြာချိန်လောက်သာ ပြောင်းလဲခြင်းမျိုးဖြစ်၍ Xanvierသည်လည်း သတိမမူမိလိုက်။
ထို့နောက်တွင်မှ တွေးတွေးဆဆဆို၏။

"အရေးကြီးတယ်လို့လည်း ဆိုစရာမဟုတ်ပါဘူး။
ကျွန်တော်က အဲ့လိုပြောကိုပြောရမယ်ထင်လို့။
ပြဇာတ်တွေထဲမှာဆို ဗီလိန်တွေက ဒီလိုပြောနေကြမလား။ "

Daddy !!!! We love you.Where stories live. Discover now