အပိုင်း ( 6 ) Zawgyi

628 32 2
                                    

"မင်္ဂလာပါ ကျွန်တော့်နာမည်က Tyler "

Tyler ဆိုသည့်လူငယ်က Xanvier ရှိရာသို့ လှမ်းလာရင်းပြောသည်။တစ်လှမ်းချင်းဆီကအချက်မှန်ကာ ငြိမ်သက်လှသည်။ လမ်းလျှောက်ပုံလေးကပင် လူအများကိုစိတ်အေးချမ်းစေလှသည်။

ပထမဆုံးအကြည့်၌ပင် သိလိုက်ရသည်က ထိုလူငယ်
မျက်လုံးအလွန်လှသည်ကိုပင်။ ပယင်းကျောက်ကဲ့သို့အရောင်ရှိသောမျက်လုံးကို
ရှည်လျားကော့ညွတ်လှသည့် မျက်တောင်နက်များက ၀န်းရံထားသည်။ နူးညံ့သောကိုယ်ဟန်ရှိသည့်ထိုလူငယ်ကို
Xanvier နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကျွန်တော့်နာမည်က Xanvier Anderson။"

သူ့ဘေးနားတဖက်ဆီမှ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း
Xanvier ပြုံးပြလိုက်သည်။ ထိုနှစ်ယောက်လုံးက အစမှအဆုံးထိ Xavier ကိုသာစိုက်ကြည့်နေကာ နည်းနည်းမျှမလှုပ်ကြ။ နှစ်ယောက်လုံး၏ တောက်ပနူးညံ့သော မျက်ဝန်းကြည်များထဲတွင် အဖြူရောင်ဆံနွယ်ရှိသောအပြာရောင်ပုံရိပ်လေးက နူးနူးညံ့ညံ့စွဲထင်နေသည်။

"ဆံပင်အနီလေးနဲ့က Phoniex အနက်ရောင်လေးက Nora။"

Phoniex ရော Nora ရောက Tyler ကိုတချက်ကြည့်ကာ ခေါင်းညွတ်ပြပြီး Xanvier ဘက်သို့ပြန်လှည့်လာသည်။ Tyler က Xanvier ကို ခွင့်တောင်းဟန်တစ်ချက်ကြည့်လိုက်ကာ အနားသို့ကပ်လာသည်။
Tyler က Xanvier လက်ကောက်ဝတ်ကို ခဏမျှစမ်းသပ်ကြည့်နေပြီး စားပွဲတင်ခုံလေးပေါ်မှ ဆေးပုလင်းလေးကို ယူလိုက်သည်။

" သခင်လေး ရောဂါက နည်းနည်းဆွေးနွေးရမှာတွေ ရှိတယ်။
အရင်က သမားတော်နဲ့ပြဖူးလား မသိဘူး။"

Xaniver က ခေါင်းကို ဖြည်းညင်းစွာရမ်းလိုက်ကာပြောသည်။ သူမှတ်မိသလောက်တော့ သူ့တွင်ရောဂါတစ်ခုခုပေါ်လာတိုင်း အကိုတော်သာ
လာနေပေးလေ့ရှိပြီး သမားတော်ပြခြင်းမျိုးမရှိခဲ့ပေ။
သူ Omega တစ်ယောက်ဖြစ်သည်ဆိုသောအချက်က ထိပ်တန်းလှို့ဝှက်ချက်ဖြစ်နေသောကြောင့်ဖြစ်မည်ဟူသော အချက်ကလွဲ၍ သူရေရေရာရာမစဉ်းစားမိပေ။သို့သော်
ဆွေးနွေးစရာရှိသည်ဟူသောအချက်ကြောင့် အနည်းငယ်ထိတ်လန့်သွားမိသည်။

"ကျွန်တော်မှတ်မိသလောက်တော့ မရှိဘူး "

Tyler က ခေါင်းညိတ်လိုက်ပြီး Nora နှင့် Phoniex ကိုကြည့်လိုက်သည်။ ပြောသင့်သည်လား မပြောသင့်သည်လား ​ဝေခွဲမရသည့်ဟန်ဖြင့် ။
ထိုအရာကို Xanvier ကမြင်လိုက်ကာ Nora တို့ကိုလှမ်းပြောလိုက်သည်။

Daddy !!!! We love you.Where stories live. Discover now