"Koreaနိုင်ငံ၏ထိပ်တန်းစရင်းဝင်park groupကုမ္မဏီမှယခုနှစ်မိုးရာသီအတွင်းမေတ္တာရိပ်မြုံဘိုးဘွားရိပ်သာအားအလှုငွေများလှုဒါန်းနေပါကြောင်း...ကျွန်မကတော့ SBSသတင်းဌာနမှသတင်းထောက်...."
ဟူသောစကားမဆုံးသေးခင်အချိန်အတွင်းမှာပင်
"တီး.."
TVပိတ်သံကထွက်ပေါ်လာခဲ့သည်။ဆိုဖာပေါ်တွင်အကျအနလှဲလျှောင်းကာပါးစပ်တွင်Lippoလေးစုတ်ရင်းTVလက်မုကြီးကိုင်ထားသည့်အသက်ခပ်ငယ်ငယ်ကောင်လေးတစ်ဦးသည်TVပိတ်သည်နှင့်ကုန်းထကာဘေးတစ်ဖက်တွင်ထိုင်နေသောသူ၏အကိုဖြစ်သူအားသေခြာကြည့်နေသည်။ထိုသူသည်မျက်လုံးများကိုလှန်ကြည့်ရင်းချက်ခြင်းပင်ဖက်လက်စသတင်းစာကိုပြန်ဖက်နေတော့သည်။ဆိုဖာပေါ်တွင်ခြေချိပ်ထိုင်ကာသတင်းစာဖက်နေသောသူသည်Park groupကုမ္မဏီ၏CEO park chanyeolဖြစ်ပေသည်။နီညိုရောင်ဆံပင်ကိုအထက်သို့လှန်တင်ကာပြေပြစ်သောနှာဖူးများ၊ ထူထဲပြီးမဲနက်နေသောမျက်ခုံးများ၊ မျက်ရစ်လေးများနှင့်ဝိုင်းစက်နေသောမျက်လုံးတစ်စုံ၊ မျက်နှာပေါ်တင်ထားသကဲ့သို့ထင်ပေါ်နေသောနှာတံလေးဆေးမကူဘဲရဲနေသောနှတ်ခမ်းထူထူလေး၊ဘေးတစ်ဖက်တစ်ချပ်တွင်ရှိနေေသာနာရွက်ကားကားေလး၊ ဖွေး၍သန့်ပြန့်နေသောအသားအရေပေါ်တွင်အဖြူရောင်လက်ရှည်လေးနှင့်အမဲရောင်ဘောင်းဘီရှည်ကိုတွဲဖက်ဝတ်ဆင်ပြီးဆိုဖာပေါ်ခြေချိပ်ထိုင်နေသောchanyeolသည်မိုးပေါ်ကကျလာသောနတ်သားတစ်မျှချောမောသည်ထက်ခန့်ညားလွန်းသည်။။
"HYUN...."
"Wae..."
Yeolသည်ဖက်လက်စသတင်းစာကိုဆက်ဖက်ရင်းsehunအခေါ်အားတုန့်ပြန်နေသည်။
Sehunလဲသူသိချင်လှသောမေးခွန်းကိုရအောင်မေးသည်။
"HYUN.........."
အသံရှည်ဆွဲကာဆိုဖာလက်တန်းကိုမေးတင်ရင်းတောက်ပသောမျက်လုံးများကyeolအားသူ့ကိုကြည့်ရေးဒို့အရေးဟူသောဆောင်ပုဒ်ကိုလက်ကိုင်ထားသည့်နှယ်ပါးစပ်မှLippoကလဲထွက်ကျမည်စိုးရသေးသည်တစ်ပြွတ်ပြွတ်နှင့်စုတ်ယူနေသည်မှာကလေးတစ်ယောက်မုန့်စားချင်၍တောင်းနေသည့်နှယ်ချစ်ဖို့ကောင်းလှသည်။
YOU ARE READING
အမုန်းကြားကချစ်ခြင်း..(Completed)
Fanfictionငါမင်းကိုအရမ်းမုန်းတယ်baekhyun.. ကျွန်မကတော့.yeolရဲ့အမုန်းကြားမှာခစားရပေမဲ့ Yeolအမုန်းကြားထဲမှာချစ်မိနေပြီသခင်..Paek chanyeol