Baekhyunတစ်ယောက်ကာတွန့်ကားကြည့်နေတဲ့ဟွားငယ်ကိုထမင်းခွန့်ကြွေးနေသည်။
တစ်ခဏအကြာကာတွန့်ကားပြီးသွား၍ထင်သည်TVမှသတင်းများကိုစတင်ကြေညာတော့သည်။ဟွားငယ်ကိုသာထမင်းဂရုတစိုက်ကြွေးနေသည့်baekhyunသည်TVမှကြေညာနေသည့်သတင်းပေါင်းစုံကိုသူမနားမထောင်အားပေ။
ထို့ကြောင့်TVကိုပိတ်ရန်လက်လှမ်းလိုက်စဉ်တခဏအတွင်းထိုလက်တို့သည်လေပေါ်တွင်ရက်တန့်သွားခဲ့ရသည်။
"ဟုတ်ကဲ့ပါရှင့်....ခုချိန်မှာတော့ကျွန်မတို့နောက်ဆုံးရရှိထားတဲ့သတင်းကိုစတင်ကြေညာပေးပါတော့မယ်ရှင့်။ကိုးရီးယားနိုင်ငံရဲ့အောင်မြင်ကြော်ကြားနေတဲ့ကုမ္မဏီတွေမှာနံပတ်၁နေရာကိုပိုင်ဆိုင်ထားတဲ့သူဌေးpaek chanyeolဟာဆိုရင်ခုလိုအေးမြတဲ့ဆောင်းရာသီမှာ.........."
TVမှသတင်းစကားသည်တစ်စတစ်စနှင့်သူမအကြားအာရုံထဲကလွင့်ပျယ်သွားတော့သည်။တစ်စတစ်စနှင့်ထွက်ပေါ်လာသောchanyeolဓာတ်ပုံကိုbaekhyunမမှုန်မသုန်သာစိုက်ကြည့်နေခဲ့သည်။တကယ်တော့TV Channalတွေမှာလွှင့်တဲ့chanyeolအကြောင်းနှင့်ဓာတ်ပုံတွေကသူမအတွက်အလွမ်းဖြေရာဖြစ်သည်။ဟွားငယ်သည်လည်းကျန်သတင်းများကိုမကြည့်တက်ပေမဲ့Chanyeolအကြောင်းသတင်းမှာပါလာပါကဟွားငယ်အပြေးလေးလာကြည့်တက်သည်။
"မေမေ...ဟွားငယ်အဲ့လိုဖေဖေမျိုးလိုချင်တယ်။"
baekhyunရဲ့ဂါဝန်စလေးကိုဆွဲကာပြောလာတဲ့ဟွားငယ်စကားကြောင့်သူမအသိစိတ်ဝင်လာခဲ့သည်။ဘာတဲ့ဒီလိုဖေဖေမျိုးလိုချင်တယ်တဲ့။လား။သူမရုတ်တရက်မို့ပြောစရာစကားတွေကိုမနဲစဉ်းစားယူလိုက်ရသည်။
"အဲ့လိုဖေဖေမျိုးလား။အင်း....အဲ့လူကြီးကကြောက်စရာကြီးနဲ့တူတယ်သမီးရယ်"
"မဟုတ်ပါဝူးမေမေရဲ့...ဟွားငယ်သိတယ်။အဲ့လူကြီးကအရမ်းစိတ်ကောင်းမဲ့ပုံပဲမေမေရဲ့။ဟွားငယ်အဲ့လူကြီးကိုချစ်တယ်။"
ဟွားငယ်ရဲ့စကားကြောင့်baekhyunလန့်သွားရသည်။တစ်ခါမှမမြင်ဖူးတဲ့ဤလူကြီးကိုဟွားငယ်ခင်နေသည်။ချစ်နေသည်။ပြီးတော့ထိုလူကိုဟွားငယ်ကသူ့ဖေဖေဖြစ်စေခြင်နေသည်။သွေးကရေထက်ပြစ်တယ်ဆိုတာbaekhyunနားလည်လိုက်ပါသည်။
YOU ARE READING
အမုန်းကြားကချစ်ခြင်း..(Completed)
Fanfictionငါမင်းကိုအရမ်းမုန်းတယ်baekhyun.. ကျွန်မကတော့.yeolရဲ့အမုန်းကြားမှာခစားရပေမဲ့ Yeolအမုန်းကြားထဲမှာချစ်မိနေပြီသခင်..Paek chanyeol