သူမမျှော်လင့်နေသောရောင်နီကိုမြင်သောအခါမှသူပျော်ရွှင်ခဲ့ရသည်။တစ်ညလုံးမအိပ်နိုင်ခဲ့ပါ။မိုးကလဲတိတ်သွားခဲ့ပြီမို့အိပ်ရန်ပြင်လိုက်စဉ်Yeolအတွက်မနက်စာပြင်ပေးရန်သတိရသွားသည်။ထို့ကြောင့်
မနက်စာကိုပြင်ဆင်ရသည်။ဘယ်သူထင်မှာလဲကိုးရီးယားနိုင်ငံ၏အချမ်းသာဆုံးစရင်းဝင်သူဌေးကတော်ကအစေခံတွေနှင့်တန်းတူအလုပ်လုပ်နေရသည်ကို။ပြင်စဉ်ချက်ပြုတ်ပြီးyeolကိုနိုးရန်အပေါ်သို့ပြေးလာခဲ့သည်။"oppa.......oppa....ထတော့လေ။ရုံးသွားမယ်လေ။oppa......."
အသံလေးတစာစာခေါ်နှိုးနေသော်လည်းအခန်းထဲမှပြန်ထူးသံကထွက်ပေါ်မလာခဲ့ပေ။ထို့ကြောင့်အခန်းရှေ့မှBaekပြန်လည်ခေါ်နှိုးရပြန်သည်။
"Oppa.......ထတော့ဆို။oppa.....မနက်၈နာရီထိုးနေပြီ"
ထပ်မံနှိုးရပြန်သည်။သူမဘ၀ကြီးကကိုယ်ချစ်ရပါသောယောကျာ်းအားမနက်ခင်းမွှေးကြူရင်းပျော်ရွှင်စွာမနှိုးထနိုင်ခဲ့ပေအချိန်တိုင်းသူမနှင့်Yeolတို့ကြားတံခါးတစ်ချပ်ကကာဆီးကာပိတ်ပင်ထားခဲ့သည်။ကံကြမ္မာတံခါး၊အိပ်ခန်းတံခါး၊အချစ်တံခါး၊တံခါးတစ်ခုမဟုတ်တစ်ခုကအမြဲကာဆီးထားခဲ့သည်။ယခုလည်းအိပ်ခန်းတံခါးကကာဆီးထားပြန်သည်။အတန်ကြာအောင်သူမငြိမ်သက်သွားခဲ့သည်။ထိုမှအခန်းထဲမှသူမ ချစ်ရသူလေးက
"ငါနိုးပြီ....သွားတော့...."
ဟော....သူမအပျော်ရွှင်ရပါသည်။မနက်ခင်းချစ်ရသူနားထွေးပွေ့ကာမပျော်မြူးခဲ့ရပေမဲ့မနက်တိုင်းပထမဦးစွာအိပ်ချင်မူးတူးသြရှရှအသံလေးကိုသူမပထမဦးဆုံးကြားရသည်။ထိုအသံလေးကတခဏလေးဆိုသော်လည်းသူမပျော်မိသည်။နောက်ဆုံးအဆုံးသက်(သွားတော့)ဆိုသောစကားသည်လည်းသူမကိုအမြဲနှင်ထုတ်နေခဲ့သောစကားဖြစ်၍နေသားကျလာခဲ့သည်။အနှစ်မပါသောအိမ်ထောင်တစ်ခုမှာအချစ်ဆိုတဲ့အရာလေးကbaekကိုအနိုင်ယူထားခဲ့သည်။
"မမလေးက...အကိုလေးကိုအရမ်းချစ်တာဘဲနော်။"
"ဟုတ်ပဟယ်။ငါသာမမလေးနေရာမှာဆိုငါထွက်ပြေးမိမှာအမှန်ဘဲ။"
"ဟုတ်ပ။မမလေးကတော်တော်လည်းစိတ်ထားကောင်းတယ်ပြီးတော့ချစ်ဖို့လည်းကောင်းတယ်။ဟိုMin heeဆိုတဲ့လူနဲ့တော့ကွာပ။သူကအကိုလေးရှေ့မှာသာကြောင်လေးလုပ်နေတာသူကဘယ်သူမှမသိတဲ့ကျားကြီး"
YOU ARE READING
အမုန်းကြားကချစ်ခြင်း..(Completed)
Fanfictionငါမင်းကိုအရမ်းမုန်းတယ်baekhyun.. ကျွန်မကတော့.yeolရဲ့အမုန်းကြားမှာခစားရပေမဲ့ Yeolအမုန်းကြားထဲမှာချစ်မိနေပြီသခင်..Paek chanyeol