Baekတစ်ဖက်သို့လှည့်လိုက်သည်။Yeolကိုအဖြေပြန်မပေးခဲ့ပေ။ပေးခြင်စိတ်လည်းမရှိသလိုပေးစရာအဖြေကလည်းပြောက်ဆုံးသွားခဲ့သည်။နားကျပ်လေးကိုတပ်ရင်းလက်ပိုက်ကာမျက်စိစုံမှိတ်ထားလိုက်သည်။နားထဲကြားနေရသောသီချင်းသံလေးနှင့်အတူ
#မျက်လုံးတွေကိုအလျှင်စလိုဖွင့်ကြည့်ပြီး🎵🎵
ဒီနေ့လည်းငိုရအုံးမှာပါဘဲလေ။🎶🎶
🎵ငါ့ထက်မျက်ရည်တွေကအိပ်လွန်းလို့🎶နိုးသွားအောင်ငါလှုပ်နိုးမှနိုးကြလို့လေ🎵
တစ်နေ့လုံးတစ်ရက်လုံးအကြိမ်ပေါင်းများစွာငါငိုနေလည်း
ကလေးလိုမကျေမနပ်ဖြစ်ပြနေလည်းကိုယ့်ဆံပင်ကိုယ်ဆုပ်ကိုင်ပြီးတည်ငြိမ်အောင်ကြိုးစားနေလည်း
နင်ပြန်လာမှာမဟုတ်ပေမဲ့လည်း
ဒီနေ့ရောမနက်ဖြန်ရောနောက်ရက်တွေရောနင့်ကြောင့်အများကြီးနာကျင်နေရလည်း
တောင်းပန်စကားမဆိုပါနဲ့.....ငါအဆင်ပြေပါတယ်။
အခုထိနင့်ကိုချစ်နေဆဲမို့ပါ။.............
.........................🎵🎵🎶🎶🎶IU၏morning tearsသီချင်းလေးကနားထဲသို့တိုးဝင်လာခဲ့သည်။မျက်ရည်များကိုထိန်းရင်းမျက်လုံးမှိတ်ချထားသော်လည်းစိမ့်ကာစီးကျလာသောရေလုံးလေးတွေကတားဆီးထားသောအမိန့်စကားကိုမနာခံနေသလို...
Oppaမကြိုက်၍သာမျက်ရည်မကျစေသော်လည်းရင်ထဲလောင်မြိုက်နေခဲ့ပါသည်။ဘယ်လိုခံစားချက်နှင့်များbaekကိုပြောခဲ့ရတာလဲoppaရယ်
oppaမျက်နှာတော်နုနုထက်ပျော်ရွှင်စွာအပြုံးပန်းများပွင့်ဝေနေပါသည်။ရပါပြီ။oppaအပြုံးတစ်ပွင့်နဲ့baekမျက်ရည်တစ်စက်လဲရလဲbaekကျေနပ်ပါပြီ။oppaအချစ်ထက်oppaအပြုံးကိုသာbaek
မြတ်နိုးခဲ့တာပါ။Baekတစ်ယောက်ကားမှန်ထဲမှyeol၏ပျော်ရွှင်သောမျက်နှာလေးကိုတို့ထိရင်းပေါက်ခနဲကျဆင်းလာသောမျက်ရည်တစကိုbaekကဗျာကယာသုတ်လိုက်ရသည်။
🎶🎶🎶🎵🎵🎵🎵🎵🎵🎶🎶🎶🎶🎶🎶🎶
သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းနှင့်လူကြီးလူကောင်းများသာလာရောက်ကြသောလူများထဲမှBaekအသိဟူ၍မရှိခဲ့ပေ။yeolသည်လည်းကားပေါ်မှဆင်းလာထဲကဘယ်ရောက်သွားမှန်းမသိခဲ့ပေ။ပွဲမှလူများသည်လည်းသူမကိုမသိကြ၍မနှုတ်ဆက်ကြသလိုyeolကပြါပစ်ပယ်ထား၍မည်သူကမျှဂရုမစိုက်ကြပေ။စားပွဲပေါ်ကစားစရာများကိုသာကြည့်ရင်းbaekပို၍၀မ်းနည်းလာခဲ့သလိုအထီးကျန်သလိုခံစားလာရသည်။သူမနှင့်မရင်းနှီးသောပတ်ဝန်းကျင်တွင်ချစ်ရသူကပါသူမကိုဂရုမစိုက်ဘဲဘယ်ဆီဘယ်ဝယ်ရောက်သွားခဲ့သည်မသိပေ။
ESTÁS LEYENDO
အမုန်းကြားကချစ်ခြင်း..(Completed)
Fanficငါမင်းကိုအရမ်းမုန်းတယ်baekhyun.. ကျွန်မကတော့.yeolရဲ့အမုန်းကြားမှာခစားရပေမဲ့ Yeolအမုန်းကြားထဲမှာချစ်မိနေပြီသခင်..Paek chanyeol