part 6

235 35 4
                                    

Yeolရေချိုးပြီးအပေါ်ထပ်မှဆင်းလာခဲ့သည်။မဆင်းလာခင်baekhyun၏အခန်းဘက်သို့တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ပိတ်ထားသောတံခါးလေးသာကြိုဆိုလျှက်ရှိနေသည်။yeolစိတ်တော့မကောင်းဖြစ်မိသည်။သူလုပ်တာလွန်သွားသလေသလားလို့တော့တွေးမိပါသည်။

အခန်းထဲကBaekမှာတော့တစ်နေကုန်အိမ်အလုပ်လုပ်ရ၍ပင်ပန်းနေသော်လည်းဆာလောင်နေသောဗိုက်လေးကိုပွတ်ကာyeolစားအပြီးကိုစောင့်နေခဲ့သည်။

"ရေဆာလိုက်တာ။ရေသွားသောက်အုံးမှပါ။"

အခန်းတံခါးကိုဖွင့်ကာဖြေးညင်းစွာဆင်းလာခဲ့သည်။ထိုမှတစ်ပြိုင်နက်ထမင်းစားခန်းဆီသို့မျက်လုံးကိုဦးတည်လိုက်ရင်းအပြုံးများကဝေဆာလာခဲ့သည်။သူမနေ့တိုင်းနီးပါးကြည့်နေခဲ့ရတဲ့ကျောပြင်ကျယ်ကြီးကသူမလှပစွာခင်းကျင်းထားသောထမင်းဝိုင်းမှာအားရပါးရစားသောက်နေသည်။မင်္ဂလာဆောင်ပြီးထဲကYeolမျက်နှာလေးကိုမမြင်ခဲ့တော့ပေ။မျက်နှာချင်းဆိုင်တွေ့သော်လည်းမှော်မကြည့်ခဲ့ရပေ။yeolသူမကြောင့်စိတ်အနှောက်အယှက်ဖြစ်မည်ကိုသူမသေတာထက်ပိုကြောက်သည်။ထို့ကြောင့်အဝေးကနေကျောပြင်ကျယ်ကြီးကိုသာတစ်ဝကြီးငေးကြည့်နေခဲ့ရသည်။သူမနေသားကျလို့လာခဲ့ပါပြီ။တစ်ခါတစ်ခါဝမ်းနည်းခြင်းမှလွဲလျှင်ပေါ့။

yeolအားမျက်နှာချင်းမဆိုင်ဘဲရေခဲသေတ္တာဆီသို့ဦးတည်ကာရေကိုအမြန်သောက်လိုက်သည်။yeolထမင်းစားနေသည်မဟုတ်လား။ထို့ကြောင့်အမြန်အခန်းထဲသို့ပြန်ရန်လှည့်လိုက်စဉ်yeolဆီဝင်ရောက်လာသောဖုန်းသံကြောင့်သူမဘာရယ်မဟုတ်သိချင်စိတ်တော့ဖြစ်ပေါ်လာသည်။သူမလည်းတစ်ခြားသောအမျိုးသမီးများကဲ့သို့ကိုယ့်ယောကျာ်း၏ဂရုစိုက်မှု့၊အလေးပေးမှု့လေးတွေကိုခံယူခြင်းပါသော်လည်းမရရှိခဲ့ပေ။သူမအားအမြဲတစေခေါ်ယူသောအမည်နာမသည်baekhyunမဟုတ်ခဲ့တော့ပေ။(အစေခံ)ဆိုသောအမည်နာမကိုသာတွင်စေလာသည်။သို့သော်သူမကြိုက်နှစ်သက်သည်။ဘာကြောင့်ဆိုသောအဖြေကyeolကိုယ်တိုင်သူမကိုတစ်ခုတည်းသောပေးခဲ့သည့်အမည်နာမလေးမို့baekပျော်မိသည်။

"Hello...min heena"

Yeolစကားသံကိုကြားမှbaekနံရံအကွယ်လေးတွင်ရပ်ကာအတွေးများကိုရပ်ဆိုင်းပြီးအသိဝင်လာခဲ့သည်။

အမုန်းကြားကချစ်​ခြင်း..(Completed)Donde viven las historias. Descúbrelo ahora