At Marn Group 🏙🏙
Marn Group ဆိုသည်မှာမြန်မာနိုင်ငံတွင်
ကိုယ်ပိုင်ကျောင်း, ဆေးရုံ, Hotel ,အပန်းဖြေစခန်းများစွာကိုတည်ထောင်ထားသောgp တစ်ခုပင်ဖြစ်သည်။ထိုgpကိုပိုင်ဆိုင်သော CEO မှာအသက်ငယ်ငယ်လေးနှင့်ပင် လုပ်ငန်းများစွာကိုဦးစီးကာအောင်မြင်နေသောCEO မာန်ဝင့်ထည်
ပင်ဖြစ်သည်။စီးပွားရေလောက လောကတွင်အ
သက်ငယ်ငယ်ရွယ်ရွယ်ဖြင့်ပြိုင်စံရှားသူလည်း
ဖြစ်သည်။အများစုကတော့သူ့ ကို "မာန်"ဟု သိကြသည်။ မာန်သည်အလုပ်လုပ်ရာတိကျသေချာသောသူဖစ်သည်။ရုပ်ရည်ရူပါကလည်းသမီးရှိသောစီးပွားရေးလုပ်ငန်းရှင် ရှယ်ယာရှင်တွေက သမက်တော်ချင်နေသောသူပင်ဖြစ်သည်။သို့ ပေမယ့် မာန် သည်မည်သည့်မိန်းကလေးကိုမှစိတ်မဝင်စားပဲအလုပ်ထဲတွင်သာစိတ်နှစ်ထားသည်။ယခုတွင်လည်းသူ၏မန်နေဂျာအဖွဲ့ မှ အမှားလုပ်သောကြောင့် ဒေါသထွက်နေခြင်း……"ဒါကဘယ်လိုဖြစ်ရတာလဲ…ဟမ်…မေးနေတယ်လေ ဘယ်လိုဖစ်ရတာလဲလို့ … ဗုန်း…"
စားပွဲကို လက်သီးနှင့်ထုကာမေးလိုက်ခြင်း…
သူ၏ အတွင်းရေးမှူးမှာလည်း သူ့ သူဋ္ဌေးဒေါသ
ကိုသိသောကြောင့်ဘာမှဝင်မပြောရဲ…
မန်နေဂျာအဖွဲ့ မှာခေါင်းပင်မဖော်ရဲကာ CEO ရုံးခန်းကြမ်းထဲသို့  ခေါင်းဝင်မတက်ငုံ့ ထားကြသည်"မင်းတို့ ကိုမေးနေတယ်လေ မင်းတို့ ပါးစပ်တွေ
ဘာလို့ ပိတ်နေကြတာလဲ…ဟမ်"ထိုသို့ ပြောသောအခါမှသူတို့ ထဲမှခေါင်းဆောင်
ဖြစ်သူက"တောင်း…တောင်းပန်ပါတယ် CEO နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူး"
"နောက်တစ်ခါဖြစ်တာမဖြစ်တာငါမသိချင်ဘူး
အခုမှားတာကို ဖြေရှင်းခိုင်းနေတာ""ဟုတ်…ဟုတ်ကဲ့ပါ ဒီတစ်ခေါက်ကလည်း
ကျွန်တော်တို့ ပေါ့ဆမှုကြောင့်ပါ CEO "အဖွဲ့ ခေါင်းဆောင်မှာ CEO ဒေါသကိုကြောက်လွန်း၍ စကားများပင်ထစ်နေသည်။
"အေး ငါကလည်းအဲ့လို ပေါ့ဆတာကိုမကြိုက်တာ မင်းတို့ ကိုငါဘာပြောထားလဲအလုပ်လုပ်ရင်တိကျမှကြိုက်တယ်လို့ မမှာထားဘူးလား
ပြောလေ…ဗုန်း…"
YOU ARE READING
💖Baby ချစ်သောကိုကို💖(complete)
Romanceမြင်မြင်ခြင်း...အချစ်ကို.. babyနဲ့တွေ့မှပဲ...ယုံကြည်မိတော့တယ်..♥ boy×boy Warning (m-preg) author - yoe_nge614 Started date - 21.5.2020 End date - 17.6.2020