ဆက် ဗိုက်နာလို့ ဆေးရုံရောက်နေပြီဆိုသော
ကိုဇဖုန်းကြောင့် ယံယံ သားလေးတို့ ကိုဖွားတို့ နဲ့ အပ်ခဲ့ပြီး ယံယံကတော့အိမ်ကကားနဲ့ ဆေးရုံကိုအမြန်လိုက်သွားလိုက်သည်။ဆက်ဆေးရုံရောက်တော့ ကိုဇကိုဖုန်းထက်ဆက်ပြီးမေးရသေးသည်။ခွဲခန်းထဲဝင်သွားတာကြောင့် ခွဲခန်းရှေ့ မှာရှိကြောင်းပြောတော့ ယံယံ့ မှာခွဲခန်းရှေ့ ကိုပြန်ပြေးရသည်။အချစ်ဆုံးသူငယ်ချင်းဆိုတော့စိတ်ပူတယ်လေ။ခွဲခန်းရှေ့ ရောက်တော့ ကိုဇရယ် ဆက်ဒယ်ဒီနဲ့ မာမီကိုတွေ့ ရသည်။ယံယံလည်းကိုဇနားအမြန်သွားလိုက်ပြီး…
"ကိုဇ"
"ယံယံရောက်ပြီလား"
ကိုဇကို ယံယံကိုအကိုလေးလို့ မခေါ်ရန်ပြောထားခြင်းကြောင့်ပြောင်းခေါ်ခြင်း။ပထမကတော့
အသားမကျသေးပေမယ်အခုတော့အဆင်ပြေသွားပြီဖြစ်သည်။"ဆက် ခွဲခန်းဝင်သွားတာကြာပြီလား ကိုဇ"
"နည်းနည်းတော့ကြာပြီ ကျွန်တော်လည်းခုနမှ
ယံယံတို့ ကိုအကြောင်းကြားရမယ်မှန်းသတိရတာနဲ့ ဖုန်းဆက်လိုက်တာ သူကနာလို့ အော်နေတာနဲ့ ကျွန်တော်လည်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတွေဖြစ်တော်သေးတယ် မာမီတို့ ရှိလို့ "ဟုတ်ပါတယ် အင်္ကျီကလည်းဖရိုဖရဲ ဆံပင်တွေက ဟိုတောင်ဒီထောင်ဖိနပ်ကလည်းတောင်တစ်ဖက်မြောက်တစ်ဖက်ဖြစ်နေတဲ့ ကိုဇပုံကိကြည့်ခြင်းအားဖြင့်ကိုဇ ဆက်ကိုဘယ်လောက်စိတ်ပူနေလည်းခန့် မှန်းနိုင်သည်။
"ကိုဇရယ် သိပ်လည်းစိတ်မပူနေပါနဲ့ ဆက်ကဘယ်လောက်တောင်ကြံ့ ခိုင်တဲ့ သူလည်း ကိုဇလည်းသိရဲ့ သားနဲ့ "
ယံယံ ကိုဇပုခုံးကိုလှမ်းပုတ်ပေးပြီးအားပေးလိုက်သည်။ကိုဇလည်းအဲ့တော့မှအနည်းငယ်စိတ်သက်သာရာရသွားတော့သည်။
"ယံယံ ကဒီကိုလိုက်လာတာဆိုတော့အမွှာတို့ ကိုဘယ်သူနဲ့ ထားခဲ့လဲ"
"အမလေး ကိုဇရယ်သူတို့ တွေက အဖွားတို့ ရဲ့ 
အချစ်တော်တွေလေ အဲ့ဒါကြောင့် ဖွားတို့ နဲ့ ပဲထားခဲ့တယ်"
CZYTASZ
💖Baby ချစ်သောကိုကို💖(complete)
Romansမြင်မြင်ခြင်း...အချစ်ကို.. babyနဲ့တွေ့မှပဲ...ယုံကြည်မိတော့တယ်..♥ boy×boy Warning (m-preg) author - yoe_nge614 Started date - 21.5.2020 End date - 17.6.2020