ဒီနေ့ ကျောင်းပိတ်တာကြောင့်ယံယံ အိမ်မှာသာ
ရှိသည်။ခုနကလေးတင် guides အချိန်တွေပြီးသွားတာကြောင့် ယံယံခဏနားရန်အောက်ဆင်းလာလိုက်သည်။ကိုကိုက ဒီနေ့ အရေးကြီး
အလုပ်ကိစ္စရှိလို့ အပြင်ခဏသွားသည်။~~တီ~~တီ~~
ယံယံလည်းအောက်ရောက်ရောကားတစ်စီး
အိမ်ရှေ့ မှာထိုးရပ်လာတော့ ကိုကိုထင်ပြီး
ပြေးဆက်လာလိုက်သည်။ယံယံ ထင်သလိုမဟုတ် ကားပေါ်က မိန်းမ
တစ်ယောက်ဆင်းလာသည်။သူမက ကိုယ်ကျပ်အင်္ကျီ ကြက်သွေးရောင်ကို ဝတ်ဆင်ထားပြီး
ဒေါက်ဖိနပ်သံ တစ်ဂွပ် ဂွပ်ဖြင့် ယံယံ့ အနား
ရောက်လာသည်။"ဟေ့ ကောင်လေး မင်းကအလုပ်သမားအသစ်လား"
အောင်မာ အလုပ်သမားဆိုပဲ…သူ့ ကြည့်ရတာ
ကိုဇတစ်ခါပြောပြတဲ့ ကိုကို့ နားကပ်နေတဲ့ 
ကလျာဆိုတဲ့ မိန်းမပဲနေမှာ တွေ့ ကြပြီပေါ့ယံယံ
ကလည်းတွေ့ ချင်နေတာအတော်ပဲ ဟွင်း ဟွင်းး"ဟုတ်ကဲ့ဗျဘာသူနဲ့ တွေ့ ချင်လို့ လဲခင်ဗျ"
"ထည် ရှိလား တို့  ထည်နဲ့ တွေဖို့ လာတာ"
"သခင်လေးအပြင်သွားပါတယ်ခဗျ"
ယံယံလည်း အလိုက်အထိုက်ပြန်ပြောနေလိုက်သည်။
"ကိစ္စမရှိပါဘူး သူလာတဲ့အထိစောင့်နေလိုက်မယ်"
ယံယံတားချိန်တောင်မရ သူမကအိမ်ထဲသို ဝြင်သွားလေပြီ…
ယံယံလည်းဧည့်ခန်းထဲလိုက်ဝင်လာတော့…"ဟိတ် ဘာလာလုပ်နေတာလဲ ငါ့ကိုအအေးတစ်ခွက်လောက်သွားဖျော်ပေးစမ်း တစ်ခါတည်း
မှတ်ထားနော် ငါက ထည် ရဲ့ သက်ဆိုင်သူမကြာခင်ဖြစ်တော့မှာ"သူမထိုသို့ ပြောတောယံယံလည်းဒေါသထွက်လာကာ ဒါမဲ့ဘာမှပြန်မပြော…။
စိတ်ထဲမှာတော့ ကိုကို ခဗျားကြီးပြန်လာမှတွေ့ မယ်…။"ဟိတ် ဘာကြောင်နေတာလဲ သွားဖျော်လို့ "
ယံယံလည်း မီးဖိုခန်းထဲသို့ ဝင်လာလိုက်တော့
အန်တီနွယ်က"အကိုလေး ဘာလို လို့ လဲ"
"အအေးဖျော်ဖို့ အန်တီနွယ်"
ŞİMDİ OKUDUĞUN
💖Baby ချစ်သောကိုကို💖(complete)
Romantizmမြင်မြင်ခြင်း...အချစ်ကို.. babyနဲ့တွေ့မှပဲ...ယုံကြည်မိတော့တယ်..♥ boy×boy Warning (m-preg) author - yoe_nge614 Started date - 21.5.2020 End date - 17.6.2020