Baby ချစ်သောကိုကို♥32♥

19.5K 1.3K 39
                                    

"မသွားရဘူး နောက်နေ့ ကစပြီးအဲ့ကိုသွားဖို့ 
စိတ်မကူးနဲ့ baby"

"ဟင့် ဟင့်"

"ပြော ကိုကို့ ကို အဲ့ကောင် babyကိုဘာလုပ်သွားသေးလဲ"

"ဟင့် ကိုကို အီးးဟီးး"

မာန်တို့ တွေအိမ်ပြန်ရောက်နေကြပြီဖြစ်သည်။
မာန်ဆုံးဖြတ်ပြီးပြီ နောက်နေ့ baby့ ကိုလိုက်ပိုမပေးတော့ဘူးဆိုတာ...ပြီးတော့ ဟိုခွေးမသားကိုလည်း ဒီအတိုင်းမလွှတ်ထားဘူး မာန့် လူတွေသေချာစုံစမ်းခိုင်းပြီးအပြတ်ရှင်းခိုင်ထားတယ်...။ခု babyကမာန်မေးတာကိုမဖြေပဲမာန့် ရင်ခွင်ထဲအတင်းတိုးဝင်ပြီးသာမာန့် ကိုဖက်ထားသည်။

"တိတ် တိတ် မငိုရဘူးလေ ကိုကိုက ဆူဖို့ မေးတာမဟုတ်ဘူးလေ babyလေးကို ဘာလုပ်သွားတယ်ဆိုတာသိမှ ကိုကိုကသူ့ ကိုအပြစ်ပေးလို့ ရမှာပေါ့"

"ဟင့် ကိုကို အဲ့လူကြီးက ဟင့် baby ဆီကိုကပ်လားပြီး ဟင့် babyမျက်နှာကိုကိုင်ဖို့ လုပ်တာ
အီးးးဟီးး babyကြောက်တယ် ကိုကို ဟီးး"

ယံယံ ခုနကအကြောင်းတွေကိုတွေးလိုက်ရင်
ယံယံအရမ်းကြောက်ကြောင့် ကိုကို့ ကိုသာဖက်ထားလိုက်သည်။

မာန်လည်း ရင်ခွင်ထဲမှာငိုပြီးပြောနေတဲ့ babyလေးကို ဖက်ထားပြီးကျောလေးပုတ်ပေးနေလိုက်သည်။ဟိုသကောင့်သားကိုဘယ်လိုလုပ်ရမယ်ဆိုတာလည်း သိသွားသည်။

"ဟုတ်ပြီ တိတ် တိတ်တော့ နော် မောနေပြီ
တွေ့ လား ရော့ရေလေးသောက်လိုက်ဦး"

babyက တကယ်ကိုမောနေပါပြီ။မာန်လည်းခုတင်ဘေးနားရှိစားပွဲပေါ်ကရေခရားထဲကနေ
ရေတစ်ခွက်ငှဲ့ လိုက်ပြီး babyလေးကိုသောက်စေသည်။babyက ဘယ်လောက်တောင်ရေဆာနေသည်မသိတစ်ဂွပ်ဂွပ်နဲ့ ကို သောက်နေတာ...။

"အိပ်မယ်နော် သဲတုန်"

"ဟုတ် ကိုကိုဖက်ထားနော်"

"ကိုကိုက baby့ ကိုဘယ်တုန်းကမဖက်ပဲနေလို့ လည်း"

"ဟုတ်"

မာန့် ရင်ခွင်ထဲအတင်းတိုးဝင်လာကာမာန့် ခါးကိုဖက်ထားပြီး ခြေထောက်လေးတွေပါပစ်တင်ထားသေးသည်။တကယ့်ချစ်စရာလေး...။

💖Baby ချစ်သောကိုကို💖(complete) Tempat cerita menjadi hidup. Temukan sekarang