Baby ချစ်သောကိုကို♥14♥

25.6K 1.9K 39
                                    

ဆက် လည်းအရှေ့ ကနေသွားနေသောလူကြီး
ဆီအမြန်ပြေးလိုက်ရသည်။သူကခြေတံအရှည်
ကြီးဆိုတော့လျှောက်တာမြန်တာပေါ့။ကိုယ်ကသာ မွေးတည်းကပုတာဘာလို့ ရှည်မလာ
လည်းမသိ ဒီအရပ်ကရှည်ကိုမရှည်လာတော့ဘူး…။

"လူကြီး လူကြီးခဏနေစောင့်ဦးလေ"

"………"

"လူကြီး~~ ဘုတ်…အင့်"

ဇ ကရုတ်တရတ်ရပ်လိုက်တာကြောင့် ပိစိက
သူ့ ကျောကိုလာဝင်တိုက်သလိုဖြစ်သွားသည်။

"လူကြီး ဘာလို့ မပြောမဆိုရပ်လိုက်တာလဲ
အား လားလား"

"မင်းဘယ်လိုဖြစ်လို့ အော်ကြီးဟစ်ကျယ် ငါ့
ကိုခေါ်နေတာလဲ ပိစိ ဒါဆေးရုံလေ မင်းမသိဘူးလား"

"လူကြီးကရော ကျွန်တော့် ကိုဘာလို့ မစောင့်
တာလဲ"

"ငါကားထုတ်ရမှာ မို့ အမြန်သွားတာလေ"

"ဘာပဲဖြစ်ဖြစ် တူတူသွားပေါ့"

"ဟမ်"

ဆက် လည်းသူစကားအဓိပ္ပာယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းကို ပြောပြီးမှပဲသိတော့သည်။

"ကျွန်တော်ပြောတာက ကျွန်တော်က
လမ်းမသိလို့ တူတူသွားမယ်လို့ ပြောတာ"

"ငါကလည်း ဘာပြောနေလို့ လဲ"

ဇ လည်းပြောလိုက်ရော မျက်လုံးလေး
ပေကလက် ပေကလက်ဖြင့် ကြည့်လာသည်။
သေချာကြည့်တော့ ပိစိကချစ်ဖို့ ကောင်းသည်။
အကိုလေးလို အကောင်သေးသေးကွေးကွေးလေး အာ့ကြောင့် သူ့ ကို ပိစိ လို့ ခေါ်တာ…။
ဆံပင်ကေလေး က လုံးလုံးလေး ကိုယ်ပိုင်ကျောင်း ဝတ်စုံလေးနဲ့ တကယ်ချစ်ဖို့ ကောင်းသည်။
နှုတ်ခမ်းကလည်း မထူမပါးလေး မျက်လုံးလေကမျက်ရစ်မရှိပေမဲ့လည်းမျက်မှေးလေးမဟုတ်
သူ့ ဟာနှင့်သူ ချစ်ဖို့  ကောင်းနေသည်။

"လူ…လူကြီး ဘာလို့ အဲ့လောက်ကြည့်နေတာလဲဟင် ကျွန်တော့်မျက်နှာမှာတစ်ခုခုပေနေလို့ 
လားဟင်"

ဇလည်းသူခိုးလူမိသွားသလိုဖြစ်ကာချောင်းတစ်
ချက်ဟန့် လိုက်ပြီး…

"အဟမ်း ဘာ…ဘာမှမဟုတ်ပါဘူး သွားမယ်လေ လာ"

"ဟုတ်"

💖Baby ချစ်သောကိုကို💖(complete) Tempat cerita menjadi hidup. Temukan sekarang