3

14.9K 1.3K 31
                                    

Unicode
°°°°°°°°°°°

ဒေါက် ဒေါက်

"ထယ်လေးရေ ထမင်းစားရအောင်လေ
သားအထဲမှာနေနေတာကြာပီကွယ် အချိန်ကိုလဲကြည့်ပါအုံး သားအတွက်မဟူတ်ရင်တောင်ကလေးကိုသနားပါအုံးကွယ် ထမင်းလေးလာစားပါအုံးနော်"

အပြင်ထွက်ရင်မောင့်မျက်နှာကိုမြင်ရပေအုံးမည်
အမေပြောတာလဲဟုတ်နေတာပဲ
ကလေးလေးကျန်းမာမှဖြစ်မယ်
ငါတစ်ခုခုဖြစ်ရင်ဖြစ်ပါစေ ကလေးလေးကိုတော့အဖြစ်မခံနိုင်ဘူး

ချလောက်!

"သားထယ်"

"ထယ်လာခဲ့မယ်အမေ ရေချိုးလိုက်အုံးမယ်"

"မြန်မြန်လုပ်နော်အအေးပတ်နေမယ်"

"ဟုတ်ကဲ့"

ရေမိုးချိုးပီး အင်္ကျီ၊ဘောင်းဘီခပ်ပွပွလေးဝတ်ပီး
အောက်ထပ်ကိုဆင်းလာလိုက်တော့
သားအမိ၂ယောက်ကထမင်းစားဝိုင်းမှာ

"ထယ်"

"ထမင်းစားချိန်စကားမပြောချင်ဘူး"

ဘာစကားမှမဆိုဖြစ်ပဲ
ထမင်းကိုသာကြိတ်မှိတ်စားနေလိုက်သည်
ကလေးလေးအားဖြစ်ဖို့အတွက်

"စားလို့ပီးပါပီ"

"ထားလိုက်လေထယ် မောင်ဆေးလိုက်မယ်"

"မလိုပါဘူး ပန်းကန်ဆေးတာလောက်တော့ဘာခက်တာကြ အရင်လဲဆေးနေကျပဲကို"

အခန်းထဲဝင်လိုက်ပီး ဂျက်ချထားလိုက်သည်
ဒီနေ့တော့ ဘာစကားမှထပ်မပြောချင်တော့
ထုံးစံအတိုင်း ဒိုင်ယာရီစာအုပ်လေးဖွင့်ကာ
ဒီနေ့ရက်စွဲလေးတပ်ကာ
နေ့တနေ့ရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း စသောခံစားချက်အဖုံဖုံအားချရေးဖြစ်သည်
အဲ့ဒါမှနေသာထိုင်သာရှိသည်

"ထယ် တံခါးဖွင့်ပေးပါအုံးကွာ
ထယ်.... ထယ်..."

"မောင်စကားပြောလွန်သွားတယ် တောင်းပန်ပါတယ်ကွာ နော် မောင်ကထယ့်ကိုစိတ်ပူလွန်းအားကြီးပီးပြောမိပြောရာပြောလိုက်မိတာပါ ထယ်မေ့လဲသွားတော့မောင်ဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ မောင်တောင်းပန်ပါတယ် တံခါးဖွင့်ပေးပါအုံးနော် မောင်လဲမောင့်ကလေးလေးနဲ့စကားပြောချင်တယ်လေ"

ဆူး  *Completed*Where stories live. Discover now