7

14.5K 1.3K 80
                                    

Unicode
°°°°°°°°°°°

အဲ့နေ့ကစပီး
ကျွန်တော်ထမင်းပြန်မစားဖြစ်တဲ့နေ့ကစပီး
ထယ်ဟာအရင်လိုမဟုတ်တော့
ကျွန်တော်တို့၂ယောက်ကဘာနဲ့တူလဲဆိုရင်
မေးထူးခေါ်ပြော မိတ်ဆွေအဆင့်လိုသာဖြစ်နေသည်
ထယ်အထင်လွဲနေတာပါကွာ။

ကုမ္ပဏီနားရက်ဆိုတော့ ထယ့်ကိုချော့ရမည်ဟုတွေးထားရင်း
မရမကအပြင်ခေါ်ထုတ်လာကာ
ဂျယ်ဂျူကိုခေါ်လာလိုက်သည်။

မလိုက်ဘူးဟုငြင်းသေးသည်
ဒါပေမယ့် အဲ့တခွန်းသာပြောသည်
ဘာမှဆက်မပြောပဲကားပေါ်တွင်ငြိမ်ငြိမ်လေးနေနေလေသည်

ဂျီမင်ကိုတော့ခေါ်မလာပဲထားခဲ့လိုက်သည်
သူကလဲအလိုက်တသိပင်နေခဲ့ပေးသည်

"ထယ်"

"ထယ်လို့"

"ပြော"

"ရောက်ပီလို့ လာလေ"

"ဗိုက်ဆာပီလားဟင် ဘာစားချင်လဲ"

"အခန်းကိုသာသွားပါ နားချင်နေပီ
ဗိုက်ကနေရထိုင်ရခက်ပါတယ်ဆို ခရီးကထွက်လာရသေး"

"ဟုတ်ပါပီ အခန်းကမောင်ကြိုတင်ဘိုကင်လုပ်ပီးသား နှုတ်ခမ်းကြီးစူမနေပါနဲ့"

အခန်းဆီကိုရောက်တော့
ကုတင်ပေါ်တစောင်းလေးလှဲကာအိပ်နေလေသည်
အဝတ်ထုပ်လေးအသာချကာ
အနောက်ကနေ နေရာယူလိုက်ပီး
ခါးလေးကိုဖက်ကာ ဗိုက်ပူပူလေးအား
ဖွဖွလေးကိုင်ထားလိုက်သည်။

"ထယ်ရယ် မောင့်ကိုစိတ်ဆိုးပြေပါတော့နော်
မောင်​ရှင်းပြတာကိုတကယ်နားမထောင်ချင်ဘူးလား"

"ထယ်အိပ်ချင်နေပီ"

"အင်း အဲ့တာဆိုလဲအိပ်လိုက်နော်
အိပ်ရာနိုးရင် ထမင်းသွားစားကြမယ်နော်"

အဖြေပြန်မလာသော ထယ့်ကိုကြည့်ပီး
သက်ပြင်းတစ်ချက်ချလိုက်မိသည်

ညစ်နေသောစိတ်တွေပြေပျောက်သွားစေရန်ရေချိုးဖို့ပြင်ဆင်လိုက်ရင်း
"ချစ်တယ်ထယ်"
နဖူးလေးတချက်နမ်းကာ ရေချိုးခန်းထဲဝင်လာလိုက်သည်

ကုတင်ပေါ်ကကောင်လေးငိုနေသလို
ရေချိုးခန်းထဲကကောင်လေးလဲပဲငိုကြွေးနေလေသည်။

ဆူး  *Completed*Donde viven las historias. Descúbrelo ahora