Unicode
°°°°°°°°°°°တံခါးမဖွင့်မချင်းထုရိုက်နေမယ့်ပုံပင်
ရေစိုဝတ်နဲ့ပဲတံခါးကိုဖွင့်လိုက်တော့"ထယ်ရယ် ဘာလုပ်နေတာလဲအထဲမှာ"
"ရေချိုးနေတာ"
"အင်္ကျီတွေလဲမချွတ်ပဲနဲ့ ဟင်! ထယ်သွေးတွေ မဟုတ်မှ ကိုယ်ဝန်များပျက်.."
"မျှော်လင့်မနေနဲ့အဲ့လိုအဖြစ်ခံမှာမဟုတ်ဘူး ဖယ်!"
"မောင်အောက်မှာပန်းကန်အကွဲစရှင်းနေတုန်းသွေးတွေတွေ့လို့ ထယ်ခိုက်မိထားသေးတယ်မလား"
"ကျွတ် သိချင်မနေနဲ့ နားငြီးလိုက်တာ"
"ထယ် ဘာဖြစ်နေပြန်တာလဲကွာ"
"ဘာဖြစ်နေလို့လဲ ရုံးပြန်သွားစရာရှိတာသွားပါ"
"မသွားတော့ဘူး ဖုန်းဆက်ပီးပီ
ထယ်ခြေထောက်ပြ ခိုက်မိထားတယ်မလား""မလိုဘူး"
"ဘယ်လဲထယ်က"
"အဝတ်လဲမလို့ပေါ့!'
ရေချိုးခန်းထဲဝင်ပီး ဆပ်ပြာပါတိုက်ပီးရေချိုးလိုက်သည် အဝတ်ပါတခါထဲလဲလိုက်ပီး
အခုမှပဲ အနာတွေကစပ်ဖြင်းဖြင်းရေချိုးခန်းထဲကထွက်ထွက်ခြင်း
လေပေါ်မြောက်သွားခြင်းနဲ့အတူ
ပွေ့ချီခြင်းကိုခံလိုက်ရသည်။ကုတင်ပေါ်တင်ပေးပီး
ဘောင်းဘီအရှည်ကိုဂျောင်ကုကလှန်ကြည့်လိုက်တော့
"ထယ်! ဒါ..""ခုနကဟင်းရည်မှောက်ကျတာလေ"
"မောင့်ကိုဘာလို့မပြောတာလဲ"
"မောင့်အမေကပိုအရေးကြီးတယ်မလား"
**ဘာမှမဖြစ်ပဲ တမင်လုပ်ပီး ဟန်ဆောင်ကောင်းတဲ့ Mrs. Jeonက ဂျောင်ကုအတွက်အဓိကဦးစားပေးပဲဟာ**"ထယ်ရယ် ခိုက်မိထားရင်လဲပြောမှပေါ့
မောင်ဆေးလူးပေးမယ်နော်""မောင့်အမေကောသက်သာရဲ့လား"
"ဘာမှသိပ်မဖြစ်ပါဘူး နီသွားရုံပဲ"
**အဟက် အကောင်းကြီးကိုဟန်ဆောင်နေတာ
သားအမိ၂ယောက်လိုက်လဲလိုက်တယ်
၁ယောက်ကဇာတ်ဆောင် ၁ယောက်ကဇာတ်ပို့**