6

14.1K 1.2K 37
                                    

Unicode
°°°°°°°°°°°

အရင်လိုဂျောင်ကုကုမ္ပဏီသွားနေလျှင် စကားနာထိုးစရာMrs. Jeonလဲမရှိတော့
တယောက်ထဲလဲပျင်းမနေရတော့ ဂျီမင်နီရှိနေပီဆိုတော့အပျင်းပြေသည်။

အခုလိုလေးသာသာယာယာနဲ့နေရသည်မှာလဲ
၂လကျော်နေလေပီ
ကျွန်တော့ဗိုက်လေးလဲ၆လထဲရောက်နေပီမို့ တော်တော်လေးပူနေလေပီ
နေရထိုင်ရသိပ်အဆင်မပြေလှ
အစစအရာရာ အစားအသောက်၊အနေအထိုင်အကုန်ဂရုစိုက်ရသည်။
တွေ့ချင်လှပါပီ ကျွန်တော့်ရဲ့သားလေးကို
အင်းးး သားလေး ဆေးရုံမှာအာထရာဆောင်းသွားရိုက်ကြည့်ပီးလို့ယောက်ျားလေးဆိုတာသိခဲ့ပီးဖြစ်သည်

အဲ့နေ့ကဂျောင်ကုအရမ်းကိုပျော်နေခဲ့တာ။

"အကို"

"အင်းး"

"ထမင်းစားမယ်လေ"

"မင်းဟျောင်းကိုစောင့်အုံးမယ်လေ"

"၁၂ပဲခွဲပီးနေပီ ဖုန်းဆက်ကြည့်ပါလား
အရေးကြီးကိစ္စရှိလို့ပြန်လာမစားရင်ကော"

"ဂျောင်ကုက ဘာအရေးကြီးတာပဲရှိရှိထမင်းတော့ပြန်လာစားတယ်"

"ဘယ်ပြောလို့ရမလဲအကိုကလဲ
ဖုန်းဆက်လိုက်ပါ ကျွန်တော်ကဗိုက်ဆာနေပီကို"

"ဆာရင်စားနှင့် ငါကဆက်စောင့်လိုက်အုံးမယ်"

"အချိန်မှန်စားပီး ဆေးသောက်ရမယ်လေ၊အကိုကအားနည်းတဲ့အခံရှိနေတယ်လေ ဆရာဝန်ပြောထားတာသိရဲ့သားနဲ့"

"ပတ်ဂျီမင်တို့ကတော့ ဗစိဗစပ်တော်တော်များပဲဟေးးး အသက်ကြီးလာလို့လား"

"အကို့ကိုစိတ်ပူလို့ပြောနေတာလေ ဟွန့်"

"ဟုတ်ပါပီ ဖုန်းဆက်ကြည့်လိုက်ပါအုံးမယ်"

ဖုန်းယူပီး ဂျောင်ကုဆီဆက်ကြည့်လိုက်တော့
ပထမတခါဝင်တယ် မကိုင်ဘူး
ကားမောင်းနေလို့များလား။
ဒုတိယတခါထပ်ခေါ်ကြည့်တယ် ဝင်တယ် မကိုင်ဘူး

"မကိူင်ဘူးလား အကို"

"အေ ကားမောင်းနေလို့များလားပဲ"

"တခေါက်လောက်ထပ်ခေါ်ကြည့်ပါလား"

"အင်းး"

ဆူး  *Completed*Tempat cerita menjadi hidup. Temukan sekarang