Unicode
°°°°°°°°°°°ချစ်ခြင်း မုန်းခြင်းတွေက
လူတစ်ယောက်ရဲ့အပြုအမူနဲ့ဆိုင်တယ်
ဥပမာ မှန်လိုပေါ့
သူရီပြရင်ပြန်ရီပြမယ်
သူမဲ့ပြရင်ပြန်မဲ့ပြမယ်ကျွန်တော်နဲ့သူရဲ့ဇာတ်လမ်းဟာလဲ မှန်တစ်ချပ်လိုပဲ
ရှေ့ဆက်မရတော့တာကြောင့်အပြီးတိုင်နှုတ်ဆက်လိုက်ပီ ကျွန်တော်မဲ့ပြလိုက်ပီ။°°°°°°°°°°
"မောင် ဒီနေ့အပြင်သွားမယ်လို့ပြောထားတယ်နော်""မှတ်မိပါတယ်ဗျ"
"ရုပ်ရှင်လဲကြည့်မယ် ညဘက်ဟန်မြစ်လဲသွားမယ် နော် နော်"
"ဟုတ်ကဲ့ပါဗျ ထယ့်သဘော"
"ဒါဆို အဝတ်သွားလဲလိုက်အုံးမယ်"
"ဟုတ်ပါပီ"
ဂျွန်ဂျောင်ကုနဲ့ကင်မ်ထယ်ယောင်း
အိမ်ထောင်သက်တမ်း၂နှစ်ကျော်ပီဖြစ်သည်
အခု ဂျောင်ကုကုမ္ပဏီနားတဲ့ရက်မှာအပြင်ထွက်လည်ရန်အစီအစဥ်ဆွဲထားခြင်း𝒾'𝓂 𝓌ℴ𝓃𝒹ℯ𝓇𝒾𝓃ℊ, 𝒶𝓇ℯ 𝓊 𝓂𝓎 𝒷ℯ𝓈𝓉𝒻𝓇𝒾ℯ𝓃𝒹 📲
"ဟယ်လို မေမေ"
"ဗျာ!? ဘယ်လိုဖြစ်တာလဲမေမေရယ်
သားအခုလာခဲ့မယ်""ရတယ် သားလာခဲ့မယ်
ထယ်နဲ့ကနောက်နေ့မှသွားလည်လို့ရပါတယ်""ဟုတ်ဟုတ် ဒါပဲနော်မေမေ"
လှေကားပေါ်ကနေ ပျော်ရွှင်တက်ကြွစွာဆင်းလာသော ထယ်ယောင်းမှာ ဂျောင်ကုရဲ့ဖုန်းပြောသံကြောင့် အပျော်တွေဟာပျောက်ချင်းမလှပျောက်သွားတော့သည်
"ထယ်... မေမေလေ မူးလဲလို့တဲ့ အဲ့တာမောင်သွား"
"သွားလေ ထယ်ကရတယ်"
"မောင်တောင်းပန်ပါတယ် နောက်နေ့လိုက်ပို့မယ်နော်"
"အင်း"
အဲ့တာပဲ ကျွန်တော်နဲ့သူ့ရဲ့ကြားထဲက
တံတိုင်းက မောင့်ရဲ့မေမေပဲ
ထွက်သွားသောကျောပြင်ကျယ်ကြီးကိုကြည့်ပီး
ရင်ထဲမှာမြိုသိပ်ရတာတွေ သည်းခံရတာတွေများလွန်းလို့ အသိအမှတ်ပြုမျက်ရည်တွေကျလာခဲ့သည်
ဒီလိုဖြစ်တာ ၁ခါ၂ခါမှမဟုတ်တော့ပဲ
ခံစားနေတာတော်လောက်ပီလေ
