မိတ်ဆက်

1.2K 35 2
                                        

"ဂီယာ" သို့မဟုတ် "ခွေးသွားစိပ်" ဆိုတာဟာ အင်ဂျင်နီယာမေဂျာရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တယ်။

ဂီယာတွေဟာ စက်ပစ္စည်းတစ်ခုကို စနစ်တကျလည်ပတ်စေနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ စက်သွားလေးတွေဖြစ်တယ်။စက်သွားတစ်ခုခု ရပ်သွားတာနဲ့ ကျန်တဲ့ဂီယာတွေပါ သေချာလည်ပတ်နိုင်တော့မှာမဟုတ်ဘူး။

ဂီယာသင်္ကေတလေးကို ကိုင်ဆောင်ထားကြတဲ့သူတိုင်းကို အင်ဂျင်နီယာကျောင်းသူ/ကျောင်းသားတွေလို့ သတ်မှတ်တယ်။အဲ့လိုဂီယာသင်္ကေတကို လွယ်လွယ်နဲ့ ရယူနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ဂီယာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ပထမနှစ်အင်ဂျင်နီယာကျောင်းသားကျောင်းသူတိုင်းဟာ S.O.T.U.Sလို့ခေါ်တဲ့စနစ်ကြီးကို ကျော်ဖြတ်ကြရမှာဖြစ်မယ်။

SOTUSရဲ့အဓိပ္ပါယ်ကတော့...
Seniority(စီနီယာတွေကိုလေးစားခြင်း)
Order(အမိန့်နာခံခြင်း)
Tradition(အစဉ်အလာကိုထိန်းသိမ်းခြင်း)
Unity(စည်းလုံးခြင်း)
Spirit(စိတ်ဓာတ်ပြင်းထန်ခြင်း)သာဖြစ်တယ်။

တတိယနှစ်ကျောင်းသားတစ်ယောက်လဲဖြစ်သလိုHazerခေါင်းဆောင်တစ်ယောက်ပါဖြစ်တဲ့Arthitဟာ S.O.T.U.Sစနစ်ရဲ့အခွင့်အာဏာတွေကိုသုံးကာ စည်းကမ်းချိုးဖောက်တဲ့ ပထမနှစ်ကျောင်းသူကျောင်းသားအသစ်တိုင်းကို အပြစ်ပေးလေ့ရှိတယ်။

ပထမနှစ်ကျောင်းသားကျောင်းသူတွေမှာတော့ သူတို့စီနီယာတွေ ပေးလာတဲ့အမိန့်တွေကို ငြင်းပယ်လို့လဲ မရနိုင်သလို ဆန့်ကျင်လို့လဲ မရနိုင်ပါဘူး။အဲ့လိုလုပ်ဖို့အတွက် သူတို့မှာ ဘာပါဝါမှမရှိဘူးလေ။Arthitကို ဘယ်သူ့မှ တားဆီးလို့မရနိုင်ခဲ့ဘူး။သူ့ကို ပြန်ခံပြောတတ်ပြီး မတရားအနိုင်ကျင့်မှုတွေကို ကြည့်မနေနိုင်တဲ့ ကျောင်းသားလေးKongpodမပေါ်လာခင်အထိပေါ့။

ဒီလိုနဲ့ပဲ Arthitနဲ့Kongpodတို့ကြားမှာ တင်းမာတဲ့ဆက်ဆံရေးလေးအစပြုခဲ့တာပေါ့။တဖြေးဖြေး သူတို့ရဲ့အားပြိုင်မှုတွေကပဲ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေကို ပို,ပိုခိုင်မာလာစေသောအခါ...

⚙⚙

SOTUS : The Evil Senior and Mr. First Year - Myanmar translation[Discontinued]Where stories live. Discover now