အပိုင်း(၃)

205 11 0
                                    

ပထမနှစ်စည်းမျဉ်း (၃)
စီနီယာတွေရဲ့ အမိန့်ကို တစ်သဝေမတိမ်း လုံးဝနာခံရမယ်!

Note: စာလုံးအစောင်းလေးတွေက Arthit's Point of Viewကိုရေးတာပါ။
Note: စာလုံးအကြီးနဲ့ရေးတာတွေကတော့ Kongpob's Point of Viewပါ။

⚙⚙

"မင်းရဲ့နာမည်နဲ့ ကျောင်းသားအမှတ်ကို ပြောစမ်း!"

"Pra...Praepailinပါ....ကျောင်းသားအမှတ် 0744ပါ"

အအော်ခံလိုက်ရတဲ့ မိန်းကလေးမှာ လန့်သွားပေမယ့်လဲ...တုန်လှုပ်နေတဲ့ အသံလေးနဲ့ ပြန်ဖြေလာတယ်။သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေမှာလဲ မျက်ရည်လေးတွေ ဝေ့နေပြီဖြစ်တယ်။သူ့ရဲ့ပုံစံလေးဟာ အရမ်းကို နူးညံ့သိမ်မွေ့မယ့်ပုံလေး။အဲ့တာကြောင့် ဘေးကလူတွေမှာ သူ့အပေါ် သနားကရုဏာတွေသက်နေမိကြတာပေါ့။ဖြစ်နိုင်ရင် ထရပ်ကာ သူ့ဘက်မှာ ရပ်တည်နေပေးပြီး ကာကွယ်ပေးချင်နေကြလေရဲ့။

... အင်းး...ဒါပေါ့ နှလုံးသားနူးညံ့လှတဲ့ Arthitဟာလဲ ဘယ်လိုလုပ် ဒီမိန်းမလှလေးကို မသနားမိဘဲ နေမှာလဲ။အဲ့တာနဲ့ သူဟာ သူ့ရဲ့လေသံကို အတတ်နိုင်ဆုံး လျှော့ချလိုက်ကာ ပြောလိုက်တယ်။ဒါပေမယ့်လဲ SOTUS Hazerခေါင်းဆောင်ကြီးဟာ အရင်ကလို အေးစက်ပြီးခက်ထန်လှတဲ့ ရုပ်တည်ကြီးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်။

"အဲ့တော့ မင်းက ငါ့ဆီက ဘာအကူအညီလိုချင်လို့လဲ?"

"...အဲ့တာ...ဟို...ညီ..ညီမရဲ့စာအုပ်လေးမှာ P'ကို လက်မှတ်ထိုးစေချင်လို့ပါ"

ဖွင့်ထားပြီးသားဖြစ်တဲ့ လက်မှတ်စာအုပ်လေးကို ချက်ချင်း လှမ်းပေးကာ တောင်းဆိုလာတဲ့ Nong' Praepailin။အဲ့စာအုပ်လေးထဲမှာ အခြားစီနီယာတွေရဲ့ လက်မှတ်တွေနဲ့ ကျောင်းသားအမှတ်တွေဆိုတာ စာမျက်နှာအပြည့်ပဲ။ဒီလို လက်မှတ်တွေလိုက်တောင်းနေရတယ်ဆိုတာကလဲ သူ့ကို လုပ်ခိုင်းထားတဲ့ အမိန့်တွေကတစ်ခုဖြစ်နေလို့ပါ။သူ့တင်မကပါဘူး။အခြားပထမနှစ်တွေအားလုံးကိုပါ လုပ်ခိုင်းထားတာ။ကိုယ့်မေဂျာဌာနက... စီနီယာတွေရဲ့လက်မှတ်တွေကို အခု1000ပြည့်တဲ့အထိ လိုက်တောင်းရမယ်တဲ့လေ။

SOTUS : The Evil Senior and Mr. First Year - Myanmar translation[Discontinued]Where stories live. Discover now