အပိုင်း(၄)

254 10 0
                                    

ပထမနှစ်စည်းမျဉ်း(၄)
Hazerတွေသတိပေးထားတာကို လုံးဝမမေ့နဲ့!

Note: စာလုံးအစောင်းလေးတွေက Arthit's Point of Viewကိုရေးတာပါ
Note: စာလုံးအကြီးနဲ့ရေးတာတွေကတော့ Kongpob's Point of Viewပါ

⚙⚙

"မင်းရဲ့နာမည်ကတ် ဘယ်မှာလဲ?"

လူအများစုအတွက်တော့ ဒီမေးခွန်းဟာ ဒီတိုင်းရိုးရိုးသာမာန်မေးခွန်းတစ်ခုသာ ဖြစ်ချင်ဖြစ်လိမ့်မယ်။ဒါပေမယ့် စုဝေးခန်းမအလယ်ကို ခေါ်ထုတ်ခံလိုက်ရကာ အမေးခံလိုက်ရတဲ့ ဒီအင်ဂျင်နီယာကျောင်းသားလေးအတွက်တော့ ဒါဟာ ကွပ်မျက်ခံရဖို့ အမိန့်ပေးခံလိုက်ရသလိုပါပဲ။အထူးသဖြင့် Hazingအသင်းခေါင်းဆောင်ကြီးက သူ့ကို စူးရှတဲ့မျက်ဝန်းတစ်စုံနဲ့ ငေးကြည့်နေတဲ့အခါမှာပေါ့။လေထုကြီးဟာ အရမ်းကိုအေးစက်ပြီး ထိတ်လန့်စရာကောင်းလှတယ်။Hazerကြီးရဲ့အကြည့်ဟာ ဘယ်လောက်တောင်စူးရှနေလဲဆိုရင် သူလုပ်ထားခဲ့တဲ့အမှားတွေကိုတောင် ဖောက်ထွင်းမြင်နိုင်နေမလားပဲ။နောက်ဆုံးမှာတော့ အမှန်တရားကို ဝန်ခံပြောလိုက်ရုံအပြင် မတတ်နိုင်ခဲ့။

"ကျွန်...ကျွန်တော် ယူလာဖို့ မေ့သွားလို့ပါ"

ကျွန်တော် ယူလာဖို့ မေ့သွားလို့ပါ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီလို ဆင်ခြေတွေကြောင့်...Arthitမှာ သက်ပြင်းတစ်ချက်သာချလိုက်မိတယ်။ဒီဆင်ခြေတွေကိုပဲ ကြားနေရလို့ စိတ်ပျက်နေတာမဟုတ်ပါဘူး။သူတို့ကို ဒီလိုကိစ္စသေးသေးလေးတွေကအစ တစ်ကြိမ်ပြီးတစ်ကြိမ် ခဏခဏ သတိလိုက်ပေးနေရတာကြောင့် စိတ်ကုန်နေမိခြင်းဖြစ်တယ်။

"ငါတို့က ဒီတိုင်းအားယားပြီး ပျော်နေလို့ မင်းကို နာမည်ကတ်ပေးထားတယ်လို့များမှတ်နေလား?အဲ့နာမည်ကတ်က မင်းတို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို မင်းတို့အားလုံးသိရောသိကြရဲ့လား?နာမည်ကတ်ကို တပ်ထားမှ မင်းရဲ့အတန်းဖော်တွေနဲ့မင်းရဲ့စီနီယာတွေက မင်းဘယ်သူလဲဆိုတာကို သိမှာပေါ့...ဒါပေမယ့် မင်းက မယူလာခဲ့ဘူးဆိုတော့ မင်းက မင်းဘယ်သူလဲဆိုတာကို ငါတို့ကို မသိစေချင်တဲ့သဘောလား?!!"

SOTUS : The Evil Senior and Mr. First Year - Myanmar translation[Discontinued]Where stories live. Discover now