အပိုင်း(၂)

255 12 0
                                    

ပထမနှစ်စည်းမျဉ်း နှစ်
စီနီယာတွေမေးတဲ့မေးခွန်းတိုင်းကို ဖြေကိုဖြေရမယ်!

Note: စာလုံးအစောင်းလေးတွေက Arthit's Point of Viewကိုရေးတာပါ။
Note: စာလုံးအကြီးနဲ့ရေးတာတွေကတော့ Kongpob's Point of Viewပါ။

⚙⚙

"မင်းတို့ကို ခေါင်းမော့လို့ရတယ်လို့ ဘယ်သူပြောလဲ? ခေါင်းငုံ့ထား!!"

အထင်မလွဲလိုက်ပါနဲ့...ဒါဟာ စစ်ရေးလေ့ကျင့်နေတာမဟုတ်ပါဘူး။Hazingအသင်းခေါင်းဆောင်ကြီးArthitဆီကအသံပါ။သူ အခုလို လုပ်နေရတာကလဲ စေသနာနဲ့ပါ။သူ့ဂျူနီယာလေးတွေကို နေ့လယ်နေ့ခင်း သဘာဝနေရောင်ခြည်မှာပါတဲ့ ဗီတာမင်ဒီတွေ အပြည့်အဝရသွားစေချင်လို့ပါတဲ့။

...သေချာတာပေါ့...နေ့လယ်ဘက်နေပူကျဲတဲအချိန်...ဘောလုံးကွင်းအလယ်တည့်တည့်မှာ။အားလုံးရဲ့မျက်နှာတွေဟာလဲ နေပူရှိန်ကြောင့် ရဲတွတ်နေကြလေရဲ့။သူတို့ရဲ့ ကျောပြင်မှာတွေလဲ ချွေးတတိတိနဲ့။ဒါပေမယ့် Arthitကတော့ တည်တည်တန့်တန့်နဲ့ ဘာမှမဖြစ်သလိုရပ်နေတယ်။သူ့တကိုယ်လုံး ချွေးတွေနဲ့ရွှဲနစ်နေပေမယ့်လဲပေါ့။စိတ်မသက်မသာဖြစ်နေမှုတွေကို သူ့ရုပ်တည်ကြီးနောက်ကွယ်မှာ ဖုံးကွယ်ထားတယ်။ပူပြင်းတဲ့ နေရောင်ကြောင့် တုန်လှုပ်နေရတဲ့ သူ့ရဲ့သရုပ်မှန်ကို ပထမနှစ်တွေမြင်သွားလို့မဖြစ်ဘူး။သူဟာ သာမာန်မဟုတ်ဘူးဆိုတာကို ပထမနှစ်တွေကိုမြင်သွားစေချင်တယ်။သူဟာ သူတို့ရဲ့အထက်မှာပဲရှိတယ်ဆိုတာ...သူတို့ကိုသိသွားစေချင်တယ်။ပထမနှစ်တွေကတော့ မြေကြီးပေါ်မှာ ပြားပြားဝပ်နေကြလေရဲ့။သူတို့ဒီမှာ အခုလိုလုပ်နေရတဲ့အကြောင်းရင်းကတော့...

'ပြစ်ဒဏ်'ခံယူဖို့ပါပဲ။

"ငါတို့ မင်းတို့ကို ဒီမှာ တွေ့ဖို့ပြောထားတာ ဘယ်အချိန်လဲ?"

ပထမနှစ်တွေဆီက ပျားအုပ်လိုတဝီဝီနဲ့ အသံတိုးတိုးလေးတွေ တစ်ယောက်တစ်ပေါက်ထွက်လာကြတယ်။အဲ့လိုတဝီဝီအသံတွေကို ကြားလိုက်ရတော့ Hazingအသင်းခေါင်းဆောင်ကြီးရဲ့လေသံဟာ ချက်ချင်းပြောင်းသွားတယ်။လေသံမာမာနဲ့ အေးစက်စွာပြောလိုက်တဲ့ သူ့စကားသံဟာ ဘောလုံးကွင်းတစ်ခုလုံးကို ဟိန်းခနဲ။

SOTUS : The Evil Senior and Mr. First Year - Myanmar translation[Discontinued]Where stories live. Discover now