အပိုင်း(၁)

785 26 4
                                    

ပထမနှစ်စည်းမျဉ်း တစ်
သူ့ကိုဆန့်ကျင်ဖို့တောင် မစဉ်းစားနဲ့

Note: စာလုံးအစောင်းလေးတွေက Arthit's Point of Viewကိုရေးတာပါ။
Note: စာလုံးအကြီးနဲ့ရေးတာတွေကတော့ Kongpob's Point of Viewပါ။

⚙⚙

"မင်းတို့လုပ်နိုင်တာ ဒီလောက်ပဲလား?ဒီထက်ပိုကျယ်တဲ့အသံကြားချင်တယ်!"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်းတို့လုပ်နိုင်တာ ဒီလောက်ပဲလား?ဒီထက်ပိုကျယ်တဲ့အသံကြားချင်တယ်!"

စိတ်တိုစွာနဲ့ ကျယ်လောင်စွာဟစ်အော်နေတဲ့ အသံဟာ ခန်းမကြီးတစ်ခုလုံးကို ဟိန်းခနဲ။သူ့အသံဟာ ထောင်သားတွေကို အော်နေတဲ့ ထောင်မှူးတစ်ယောက်လိုပဲ။ကွာခြားတာဆိုလို့..အဲ့ထောင်သားတွေက ထောင်ထဲမှာ ရှိနေတာမဟုတ်ဘဲ ပထမနှစ်တွေအတွက်freshmen trainingလုပ်ရာ ခန်းမအလယ်တွင် ထိုင်နေကြခြင်းသာဖြစ်တယ်။အခုအချိန်မှာ...အင်ဂျင်နီယာတတိယနှစ်စီနီယာတွေဟာ ပထမနှစ်တွေရဲ့ရှေ့တည့်တည့်မှာရပ်နေကြလေရဲ့။ခံ့ညားတင့်တယ့်တဲ့ အရှိန်အဝါတွေနဲ့ စီနီယာတွေဟာ ပထမနှစ်တွေကို မျက်ခြေမပျက်စောင့်ကြည့်လို့နေတယ်။ကျားတစ်ကောင်က သူ့သားကောင်ကို အမြဲမပြတ်စောင့်ကြည့်နေသလိုပေါ့။

အထူးသဖြင့် သူ။ဒီSOTUS trainingမှာ တာဝန်ကျတဲ့Hazerခေါင်းဆောင်ကြီး။စက်မှုအင်ဂျင်နီယာဌာနက Arthit။သူဟာ ထင်ရှားတဲ့ရုပ်ရည်သွင်ပြင်နဲ့ လူချောတစ်ယောက်ဖြစ်ပေမယ့် သူ့မျက်လုံးအကြည့်တွေကတော့ ဒေါသတွေနဲ့ပြည့်နှက်နေလျက်ရှိတယ်။ခုနက အသံကျယ်ကျယ်ဟာ သူ့ဆီကပဲဖြစ်တယ်။ပထမနှစ်တွေရဲ့ လက်ခုပ်သံက တိုးလို့ဆိုပြီး အော်ပြောနေတာ။ဒီပထမနှစ်တွေက live showပွဲရောက်နေသလို ရွှင်ရွှင်မြူးမြူးနဲ့ လက်ခုပ်တီးကြမယ်ဆိုရင်တောင်မှ သူက မကြားရဘူးဆိုပြီး ထပ်ရစ်နေဦးမှာပဲ။

SOTUS : The Evil Senior and Mr. First Year - Myanmar translation[Discontinued]Where stories live. Discover now