လေလှိုင်းထဲက ချစ်စာလွှာ
__________________________Three Shot : Second Part ______
အားလပ်ရက်တွေဆိုရင် သူငယ်ချင်း၁၂ယောက်ဟာ ချန်းယောလ်ပိုင်တဲ့ သီးသန့်အပန်းဖြေအိမ်မှာ စုပြီး အနားယူလေ့ရှိတယ် ။
သာမာန်အချိန်ဆို တယောက်ချင်းစီအတွက် သီးသန့် ပြင်ထားတဲ့ အိပ်ခန်းတွေထဲမှာ အေးအေးလူလူ နားနေကြတယ် ။ မူးလာတဲ့အခါမှာတော့ အနီးဆုံးက အခန်းတစ်ခုထဲကို ပြုံအုံကာ ဝင်အိပ်လိုက်ကြတော့တာပါပဲ ။ပွဲတော်ည အပြီး နောက်ရက်မနက်… ။
အမူးလွန်နေကြသော ရီရှင်း… ချမ်း… ချန်းယောလ်… ဂျုံအင်… ဆယ်ဟွန်းတို့ အိပ်မောကျနေခိုက်……။*ဒုန်း…… ဒုန်း… ဒုန်း…… *
အိမ်အောက်ထပ် ဧည့်ခန်းတံခါးကို အဆက်မပြတ်ထုနေတဲ့ တဒုံးဒုံးအသံကြောင့် ချန်းယောလ် နိုးလာတယ် ။ ရီဝေပြီး အုံခဲနေတဲ့ ခေါင်းကို ထိန်းရင်း ဖြေးဖြေးချင်း ထထိုင်လိုက်တယ် ။ ဘောင်းဘီခွကြားပေါ် လာဖိထားတဲ့ လက်တစ်ဖက်ကြောင့် ချန်းယောလ် *wtf*လို့ ရေရွတ်ရင်း ဘေးကို ကြည့်လိုက်တယ် ။ အားကစားဘောင်းဘီအထူကြီးကို လည်ပင်းမှာ ပတ်ပြီး boxerလေး တစ်ထည်တည်းနဲ့ အိပ်နေတဲ့ ချမ်းဟာ ချန်းယောလ်ရဲ့ ဘောင်းဘီခွကြားကို ဖိကာ မျက်စိမဖွင့်ဘဲ အော်နေတယ် ။"မရောင်းဘူးကွာ!! ၃၅သိန်းပေးလည်း မရောင်းဘူး!! "
"ဟာ……… ဒီကျက်သတုံး ကတော့………"
ချန်းယောလ် ဘယ်ဘက်ဘေးက ချမ်းကို ကန်ချပြီးညာဘက်ဘေးမှာ အိပ်နေတဲ့ ဂျုံအင်ကို တပါတည်း ကန်ချလိုက်တယ် ။ ဂလုံကနဲ အသံပေးကာ လိမ့်ကျသွားတဲ့ ဂျုံအင်ဟာ ကုတင်အောက် ကြမ်းပြင်မှာ ဖားပေါင်စင်းလို ပြားပြားလေးမှောက်အိပ်နေတဲ့ ဆယ်ဟွန်းကိုယ်ပေါ်သို့ ထပ်လျက်သား ။
" ဝွန်းး~ ဂူချီနား…… အိ ချက် နာဘဲ…"
ဂျုံအင်က ပါးအပ်မိထားတဲ့ ဆယ်ဟွန်းတင်ပါးတခြမ်းကို ကိုက်ထားရင်း မျက်လုံးမှိတ်ကာ ပြုံးပြုံးကြီး အော်နေတယ် ။ *ဘူ ဟူဟူ~~ ပွတ်ရှ်……* ဆိုတဲ့ သံရှည်ကြီး နဲ့အတူ ဂျုံအင်ရဲ့ မျက်နှာဟာရှုံ့မဲ့သွားတယ် ။