Final Part 2 [END] (unicode)

1K 119 35
                                    

လေလှိုင်းထဲက ချစ်စာလွှာ
___________________
_____ Three Shot : Final Part II ______

A:N အကြောင်းအရာများသွားလို့ နှစ်ပိုင်းခွဲလိုက်ပါတယ် ။

Part II : Dream and Dandelions
___________________________

ခေါင်း...... ခေါင်းနောက်တယ် ။

အလွန်အမင်း နောက်ကျိနေတဲ့ ခေါင်းကို ထိန်းကိုင်ရင်း မျက်လုံးတွေကို ကြိုးစား ဖွင့်ကြည့်တယ်... မရခဲ့ ။ တစ်ကိုယ်လုံးက နွေးထွေးနေပေမယ့် ခြေသလုံးအောက်တပိုင်း ခြေကျင်းဝတ်နဲ့ ခြေဖမိုး ခြေဖဝါးတွေကတော့ သေမတတ် အေးစက်နေတာကို ခံစားရတယ် ။
ချန်းယောလ် စိတ်ထဲမှာ သိလိုက်တယ် ။ ငါ ရောက်နေတဲ့ဒီနေရာ......... ဒီနေရာဟာ.........

အန္တာတိကတိုက်ပဲ...... ။

အန္တာတိကတိုက်မှာ အနွေးထည်တော့ အပြည့်အစုံဝတ်ထားပါရဲ့ ... ဘောင်းဘီရှည်ကို ခြေသလုံးပေါ်ထိ ခေါက်တင်ပြီး ပေါ်နေတဲ့ ခြေထောက်တစ်ပိုင်းကို နှင်းခဲထဲ စိမ်ထားတာ ......။

နဖူးပေါ်ကို ခပ်သာသာလေး လာထိတွေ့တဲ့ အထိအတွေ့ကို ခံစားရတယ် ။ သားမွှေးစလေးတွေထက် ကို နုညံ့တဲ့ အထိအတွေ့ ။ ဒီအထိအတွေ့လေးဟာ ဆိုရင် ဖြင့်......... ။

*ဖတ်...... ဖြန်း...... *
သားမွှေးစလေးက ရုတ်တရက် ကြာပွတ်အဖြစ် ပြောင်းသွားတယ် ။ အောင့်သက်သက်ဖြစ်နေတဲ့ နဖူးပေါ်ကို ဖြန်းကနဲ ရိုက်ခတ်လာတဲ့ ကြာပွတ်အိအိလေးက ချန်းယောလ် ကို ချက်ခြင်း ငုတ်တုတ်ထိုင်စေတဲ့အထိ စွမ်းပါရဲ့ ။

"မင့်မေဝါအု... ဘတ်ကိုငါဗု ... "

ပါးစပ်က ပီပီသသကြီး ထအော်လိုက်တယ် ။ ပြီးတော့ ထထိုင်လိုက်တာ ဝုန်းကနဲ ။ကမ္ဘာပတ်နေတဲ့ အာရုံခြောက်ပါး နေရပ်ဌာနေကို ပြန်ရောက်လာတယ် ။

အမြင် :
ဟျောင့် ပတ်ကြီး... မင်းအရပ်ကြီးနဲ့ မဆံ့မပြဲအိပ်နေတာ ဘေဘီဘတ်လေးကုတင်... မင်းဘေးမှာ ဘေဘီရပ်နေတယ်... ညာလက်မှာ သစ်သားတုတ်ကိုင် ထားတယ် ... ဘယ်လက်က ညာလက်ရဲ့ အင်္ကျီလက်စကို ပင့်နေတယ် ... နှုတ်ခမ်းက ပြုံးနေပေမယ့် မျက်ခုံးက မျက်မှောင်ကျုံ့ ထားတယ် ...

အကြား :
တိတ်ဆိတ်နေတယ် ပတ်ကြီး... သုသာန်တစပြင် လို တိတ် ဆိတ် နေ တယ် နော် ......

THE MESSAGE [completed]Where stories live. Discover now