Final Part 1 (unicode)

904 124 43
                                    

လေလှိုင်းထဲက ချစ်စာလွှာ
___________________
______ Three Shot : Final Part ______

A:N အကြောင်းအရာများသွားလို့ နှစ်ပိုင်းခွဲလိုက်ပါတယ် ။

Part I : Damn and Doom
______________________

Q :လဒမှိုင် မှိုင်တယ် ဆိုတာ ဘာလဲ...။

A : ပွဲတော်နေ့မှာတောင် မစားနိုင် မသောက်နိုင် ... ဆိုဖာမှာ ကားယားကြီးထိုင်... လက်ကြီးနှစ်ဖက်ကို ဘေးချလို့... တလောကလုံးဆီကို အကြွေး၇၅သိန်း တင်ထားတဲ့ ကာပစ်စတန်ပြန်မျက်နှာကြီးနဲ့... ကားနေတဲ့ နားရွက်နှစ်ဖက်တောင် ကုတ်ကျနေ... စကားပြောရင်လည်း တခွန်း အပြင် ပိုမပြောတာမျိုး ပါပဲ... ။

"ချန်းယောလ်... တခုခုလာစားပါ...... "

ထမင်းဟင်းတွေ ပြင်နေတဲ့ ချမ်းက လှမ်းခေါ်တယ် ။ တခွန်းပဲ ပြန်ဖြေတယ် ။

" ...ဘူး~ ........."

"လန်းလန်းဆန်းဆန်းနေပါကွာ......"

အကင်နဲ့ကိုလာပုလင်း လာပေးတဲ့ ဆယ်ဟွန်းနဲ့ ဂျုံအင်ကို ခေါင်းယမ်းပြလိုက်တယ် ။

" ...ဘူး~ ........."

"ငါ ရေခဲရေနဲ့ ခေါင်းက လောင်းရမလား...... "

ရေခဲဂျားကြီး မ'လာတဲ့ ရီရှင်းကို တချက်ပဲ ကြည့်တယ် ။

" ...ဘူး~ ........."

အိုလေး ကိုယ့်နဖူးကိုယ် ရိုက်လိုက်တယ် ။ စုံစီနဖာ ရဲ့ ဖုန်းနံပါတ်ကို မပေးဘူး ငြင်းမိတာ မှားပါတယ် ။

"အေးးး...... အဲ့လောက် သေမလို ဖြစ်နေတာ... ပေးမယ် လအောင်ဂုရေ... ပေးမယ်ဟဲ့... ဖာ့ဂ်...... "

ဖုန်းနံပါတ်ကို ရေးပြီး လက်ထဲထည့်ပေးလိုက်တော့ မျက်နှာကြီး ဖြဲသွားပုံက ဘာနဲ့မှကို မတူအောင်...
ရွံစရာကောင်းတယ်... ။
ဒီအကောင်က သောက်နိုင်ပေမယ့် တကယ်မူးသွားရင် သွေးဆိုးတယ် ။ တက္ကသိုလ်တုန်းက ရိုးရိုးအရက် နဲ့ မူးတာတောင် ဘတ်ဟျွန်းနီတယောက် ခြင်ကိုက်ရာတွေ ခွေးကိုက်ရာတွေ နဲ့ ယောင်ကိုင်းသွားတာ...
အလန်းလေးနဲ့သာ တွေ့လိုက်လို့ကတော့ဟေ... ဟေ ဟေးး !...... ။

ဘတ်ဟျွန်းနီကို ဘာကြိုပေးထားရမလဲ......
သန္ဓေတားဆေးလား...... ကျဉ်စက်လား... သေနတ်လား... လက်ပစ်ဗုံးလား...
ခွေးသိုင်းမှာ ခါးပတ်နက်အဆင့် ရှိတဲ့ ခွေးတကောင်လောက် ငှားရမလား......
တခြားနိုင်ငံကို ခဏရှောင်ခိုင်းထားရင်ကော......။

THE MESSAGE [completed]Where stories live. Discover now