First Part ( unicode )

1.9K 209 96
                                    


လေလှိုင်းထဲက ချစ်စာလွှာ
___________________

_____Three Shot : First Part ________

Elyxian လို့ အမည်ရတဲ့ မူလတန်းကျောင်းလေးမှာ ကလေးငယ်၁၂ယောက် စုံစည်းမိကြတယ် ။

ှုကင်မင်ဆော့… ရှောင်းလုဟန်… ဝူရီဖန်… ကင်ဂျွန်န် မြောင်န်… ကျန်းရီရှင်း… ဗြောင်ဘတ်ဟျွန်း… ကင်ချမ်း… ပတ်ချန်းယောလ်… ဒိုဂျောင်ဆူး… ကင်ဂျုံအင်… ဟွမ်ကျစ်တာအို… အိုဆယ်ဟွန်း……
သူတို့ဆယ့်နှစ်ယောက်ဟာ လူတိုင်းထက်သာလွန်ပြီး သီးသန့်ဆန်စွာရပ်တည်တဲ့ သူငယ်ချင်းတစ်စုဖြစ်လာတယ် ။ We are One ဆိုတဲ့ စကားလေးအတိုင်း ဘွဲ့တွေရကာ အလုပ်ကိုယ်စီ ဖြစ်တဲ့အထိ အမြဲ တစ်စုတည်း ဖြစ်နေကြတုန်းပဲ… ။

အဲ့ဒီအထဲမှာ… ချန်းယောလ်နဲ့ ဘတ်ဟျွန်းဟာ မူလတန်းကတည်းက ပေါင်းလာကြတဲ့ ဆယ့်နှစ်ယောက်သော သူငယ်ချင်းတစ်စုထဲမှာ အရင်းနီးဆုံးလူနှစ်ယောက် ဖြစ်တယ် ။ ချန်းယောလ် နဲ့ ဘတ်ဟျွန်း ကို ခိုင်မာတဲ့ ကြိုးတွေက ရစ်နှောင်ထားတယ် ။

ပတ်ချန်းယောလ်ဟာ ဒေါသကြီးတဲ့သူတစ်ယောက်… ။
*Yoda Co.ltd *ရဲ့ ပိုင်ရှင်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ပတ်ချန်းယောလ်ဟာ သာမာန်အချိန်မှာ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ခပ်ပြုံးပြုံးနေတတ်တဲ့ လူတစ်ယောက်ဖြစ်တယ် ။ တကယ်တမ်း ဒေါသကြီးလာချိန်မှာတော့ လူသတ် ဆိုလည်း သတ်ရဲလောက်အောင် ဒေါသကြီးသူ ဖြစ်တယ် ။ ဒါကြောင့် ပတ်ချန်းယောလ် ဆိုတာနဲ့ မူလတန်းကျောင်းကနေ တက္ကသိုလ်အထိ ရန်မဖြစ်ဖူးတဲ့သူ မရှိသလောက် ဖြစ်ခဲ့တာ ။
သူ့ဒေါသတွေကို ထိန်းစေနိုင်တဲ့သူ တစ်ယောက်တည်းသာ ရှိတယ် ။ အဲ့ဒီသူကတော့ သူနဲ့ မူလတန်းကတည်းက အရင်းနီးဆုံးသူ ဘတ်ဟျွန်း ပါပဲ ။

ဘတ်ဟျွန်းက အရှက်သည်းတတ်သူ … ။
*SatSaLuu-Puppy*ရယ်လို့ အနုပညာနာမည်ယူတဲ့ အသံသရုပ်ဆောင်တစ်ယောက် ဘတ်ဟျွန်းဟာ အမြဲပြုံးနေတတ်သူ ဖြစ်တယ် ။ ဒါပေမယ့် စနောက်ခံရသည်ဖြစ်စေ ချီးကျူးခံရသည်ဖြစ်စေ အဆူအခဲ ခံလိုက်ရသည်ဖြစ်စေ အကဲ့ရဲ့ခံလိုက်ရသည်ဖြစ်စေ ပါးလုံးလုံးလေးတွေ ရဲရဲနီသွားတဲ့အထိ ရှက်နေတတ်တယ် ။
ဒီလိုချစ်စရာကောင်းအောင် ရှက်နေတဲ့အခါ ဘတ်ဟျွန်းကို ကာကွယ်ပေးသူကလည်း တစ်ယောက်သာ ရှိတယ် ။ အဲ့တာကတော့ မူလတန်းကတည်းက အရင်းနီးဆုံးသူ ဖြစ်တဲ့ ချန်းယောလ် ပါပဲ ။

THE MESSAGE [completed]Opowieści tętniące życiem. Odkryj je teraz