6

723 120 1
                                    

Zawgyi

Sugaနိုးလာသည့်​အခါ ​အိပ်​ရာ​ဘေးကိုစမ်းမိသည်​။ သို့​သော်​Jimin ရှိမ​နေ မင်းကြီး​နောက်​ပါသွားပြီထင်​ရ၏။

"သွားပြီလားဘဲ"

'ဘာကိုသွားရမှာလဲ'

စားပွဲဝိုင်း၌ထိုင်​ကာ အသံ​ပေး​သော ပုစိ​ကောင်​​လေး​ကြောင့်​ sugaလန့်​သွားမိတာ​တော့အမှန်​ပင်​။

"​အော်​ မသိဘူး​လေ မင်းကြီး​နောက်​ပါသွားပြီထင်​လို့"

ပေ​စောင်း​စောင်းနဲ့ sugaပြန်​​ပြောပင်​မဲ့ Jimin က​တော့ တစ်​ခုခုကိုအ​တွေးလွန်​​နေသလိုပင်​...

Sugaလဲ ရှည်​ရှည်​​ဝေး​ဝေးသိပ်​​တွေးမ​နေပဲ ကိုယ်​လက်​သန့်​စင်​​ရေးသာသွားလုပ်​လိုက်​သည်​။
သူပြန်​လာတဲ့အခါမှာ​တော့ စားပွဲဝိုင်းမှာ Jimin ကထိုင်​​နေဆဲဖြစ်​သည်​။

"Jimin... တကယ်​လို့ပြန်​လမ်း​ရှိရင်​ ကိုယ်​နဲ့အတူပြန်​မှာလား"
Sugaရဲ့အ​မေးကိုJimin က ​အေး​ဆေးတည်​ငြိမ်​စွာပဲ​ဖြေ​လေ၏။

'မပြန်​ဘူး'

အ​ဖြေကို​ကြေနပ်​မှုမရှိ​သောSuga က ထပ်​​မေးပြန်​သည်​။

"Jimin ကိုယ်​အတည်​​မေး​နေတာ"

ထို့​နောက်​မှ​တော့ Jimin ၏။ စိတ်​ရှုပ်​သံတစ်​ဝက်​​ရော​နေတဲ့ ​ဖြေသံက ထွက်​ကျလာ၏၊

'ကျွန်​​တော်​မပြန်​ချင်ဘူးလို့​ပြောပြီးပြီ​လေ'

Sugaက​တော့ မရရ​အောင်​​ခေါ်မည်​ဆုံးဖြတ်​ထား​သော​ကြောင့်​ ​ဖြောင့်​ဖျကာ​ဖြင့်

"ကိုယ်​မင်းကို​ပျော်​​အောင်​ထား​ပေးမှာမလို့
ဟိုဘက်​ကမ္ဘာကိုပြန်​လိုက်​ခဲ့" ဟုဆို၏။
သို့​သော်​လည်း Jimin က ထင်​ထားတာထက်​တိကျပြတ်​သား​နေပြန်​သည်​။

'လုံးဝဘဲ'
Sugaစိတ်​ကိုတစ်​ထစ်​​ချော့၍ ထပ်​​မေးရပြန်​သည်​။
"အဲ့တာဆို ပြန်​လမ်းသိလား"

Sugaရဲ့အ​မေးကို Jimin ​တော်​​တော်​နဲ့မ​ဖြေ...

"ဘာလို့လဲ... သိ​နေတာလား"
Jimin ပုံက ဖြူစင်​လွန်းတာမလို့ တစ်​ခုခုဆိုမျက်​နှာက ချက်​ချင်းသိသာ​လေ၏။

Moonlight🌙Where stories live. Discover now