1

2.4K 184 16
                                    

Zawgyi

တဝှီးဝှီးနဲ့အရှိန်​အဟုတ်​ပြင်းစွာ​မောင်း​နေတဲ့ ပြိုင်​ကား​တွေနဲ့အတူ လူငယ်​တစ်​စုဟာလည်း ပိုက်​ဆံအထပ်​လိုက်​နဲ့ ​ဟေးလားဝါးလားလုပ်​​နေကြသည်​။

လူအုပ်​ကြားထဲ ဝင်​လာတဲ့ ဖြူဖြူ​သေး​သေး​ကောင်​​လေးတစ်​​ယောက်​ရှိ၏။ လူအုပ်​ကြီးကြားထဲဖြတ်​ကာ VIP လို့ထင်​ရတဲ့ ​နေရာမှာထိုင်​​နေတဲ့ လူဆီသွားရင်း ​ဘောင်းဘီအိပ်​ကပ်​ထဲက ​​ဆေးမှုန့်​အချို့ကို​ပေးလိုက်​လိုက်​သည်​။ ထို​အခါ အခ​ကြေး​ငွေအဖြစ်​ အထပ်​လိုက်​ပိုက်​ဆံ​တွေကို ပြန်​သိမ်းယူလာခဲ့​လေ၏။

-----------------------------------------------------

"ငါဒီ​နေ့ ​ဆေးပို့ထားလို့ ​ထော​နေတယ်​...သွား​သောက်​မလား"

'​သောက်​ပဲ​သောက်​မှာလား´

ခပ်​ရွဲ့ရွဲ့​မေးလာတဲ့စကားကို ဖြူဖြူ​သေး​သေးနဲ့ sugaက ရီသည်​။

"ဘာလုပ်​ချင်​​သေးလို့လဲ"

'​သွေးပူ​လေ့ကျင့်​ခန်း´

"Ok​လေ"

ထို့​နောက်​မှာ​တော့ sugaရဲ့ဦး​ဆောင်​ချက်​အတိုင်း ​ကောင်​​လေးကပါပါလာခဲ့သည်​။ ​အေး​အေး​ဆေး​ဆေး​သောက်​လို့​ကောင်းမဲ့ barတစ်​ခုကိုလာလိုက်​သည်​။

အေး​အေး​ဆေး​ဆေး? ​နေတတ်​ရင်​​တော့​အေး​အေး​ဆေး​ဆေး​ပေါ့ ​....အ​ပေါ်ထပ်​မှာ​တော့ ​လောင်းကစားဝိုင်းရှိတယ်​ ...

အရက်​ခံနိုင်​ရည်​​တော်​​တော်​​ကောင်းတဲ့ suga ဟာ၅ပုလင်း​လောက်​ကုန်​​နေပင်​မဲ့ နဲနဲ ရီ​ဝေ​ဝေဖြစ်​ကရုံကလွဲ မမူး​သေး​ပေ..

သူ့​ဘေးက သူငယ်​ချင်းကလဲ ထိုနည်း​လည်း​ကောင်း....

'အ​ပေါ်ထပ်​ကိုသွားသင့်​ပြီထင်​တယ်​´

အရက်​ခွက်​ကို လှုပ်​ရင်း​ပြောတာတဲ့ သူ့​ကြောင့်​ sugaက လက်​ကျန်​အရက်​ခွက်​ကို အကုန်​​သောက်​ကာထသည်​။ sugaက အ​ပေါ်ထပ်​ကို တက်​လာတဲ့အခါ​နောက်​မှာ သူ့သူငယ်​ချင်းပါပါလာခဲ့၏။
ဝိုင်းတစ်​ဝိုင်းကို ရပ်​ကြည့်​​နေလိုက်​ပြီးထိုဝိုင်းက ပွဲအသစ်​စတဲ့အခါ suga ဝင်​ထိုင်​လိုက်​သည်​။
ခပ်​လှလှမိန်းက​လေးက ကနွဲ့ကလျဆိုပင်​မဲ့ ကျွမ်းကျင်​စွာ ဖဲချက်​​တွေကို ကစားရင်းစတင်​​ဝေ​လေသည်​။

Moonlight🌙Where stories live. Discover now