Zawgyi
Chimက ကြာကန်လေးဘေးက ခုံမှဝင်ထိုင်နေပြီဖြစ်သည်။ ပြီးတော့ ကြာကန်လေးကိုလဲငေးကြည့်နေသေး၏။ သူ့ပုံစံက တစ်ခုခုကို မရေမရာတွေးနေပုံလဲပေါ်သည်။ sugaက သူ့ရှေ့ကခုံမှာဝင်ထိုင် လိုက်ပြီး တစ်ခုခုမေးရန်ပြင်လိုက်၏။ သို့သော်လဲ သူပြောသမျှကိုဘုကလန့်လုပ်မည့်Chimကြောင့် ပြောရမလိုမပြောရမလိုဖြစ်သွားကာ ဘယ်လိုလမ်းကြောင်းဖွင့်ရမလဲသာအရင်စဉ်းစားလိုက်သည်။
'မင်းသားလေးကိုအရင်သွားရှာကြတာကောင်းမယ်ထင်တယ်
ဒီမှာထိုင်နေမဲ့အစား'အစမရှိအဆုံးမရှိစလာတဲ့ Chimကြောင့် Yoongiခေါင်းရမ်းမိသည်။
"ငါတို့မရှာလဲမင်းသားလေးကပေါ်လာမှာပဲမလား"
Sugaပြောလိုက်တဲ့အခါ chimက တစ်ခုခုကိုနက်နက်နဲနဲစဉ်းစားနေသလိုဖြစ်နေပြီး မျက်လုံးအကြည့်တွေက တစ်ခုခုကိုစိုက်ကြည့်နေတာမျိုးမဟုတ်ဘဲ လေထဲမှာတင်ပျောက်နေ၏။
'အထိန်းတော်Kimက မင်းကြီးyoongiကိုတော်လှန်မဲ့သူပဲ...'
"ဘာရယ်"
'ဟုတ်တယ် ကျွန်တော့်အထင်မမှားဘူးဆို မင်းကြီးထီးနန်းဆင်းပေးရမှာက အနှိမ့်တန်းက ကျွန်တစ်ယောက်ကြောင့်ပဲတဲ့လေ. '
"ဟုတ်ချင်မှလဲဟုတ်မှာပါကွာ
တော်တော် အဲ့အကြောင်းမပြောခင် မင်းနဲ့ငါပိုရင်းနီးသင့်တယ်လို့ထင်တယ်"Sugaရဲ့စကားကိုChimက အထူးအဆန်းလိုကြည့်လာ၏။
'လိုလို့လား'
"လိုတာပေါ့ မင်းနဲ့ငါက တစ်လှေထဲစီးနေတဲ့သူပဲဟာကို"
'ဟင်း မဟုတ်ပါဘူး လုံးဝပဲ
ခင်ဗျားက ဟိုဘက်ကမ္ဘာပြန်မဲ့သူ ကျွန်တော်က ဒီမှာနေခဲ့မဲ့သူလေ ဘာကိုတစ်လှေထဲစီးရမှာလဲ'"မဟုတ်ဘူးလေ ခုက ငါတို့နှစ်ယောက်လုံးမင်းသားငယ်ကိုရှာနေကြတာမလား"
YOU ARE READING
Moonlight🌙
Romanceဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့ နဲ႔ဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့