Zawgyi
ဗျန်း!
မျက်နှာကိုအရှိန်ပျင်းပျင်းနဲ့လာပက်တဲ့ အေးစက်စက်ရေတွေကြောင့် အတော်လေးတော့လန့်သွားမိသည်။ အိပ်ပျော်နေခဲ့တာကို မျက်နှာကိုရေနဲ့ လာပက်တာဘယ်လောက်ထိ စိတ်တိုစရာကောင်းလိုက်လဲ?
အရှိန်က တော်တော်လေးပြင်းတာကြောင့် ဖြူဖွေးဖွေးမျက်နှာမှာ စပ်ပြီးနီသွားရသည်အထိ..Suga တော်တော်လေးစိတ်တိုသွားသည်မလို့ အော်ဟစ်သောင်းကျန်းရန်လှုပ်လိုက်သော်လည်း နောက်ပြန်တုပ်ခဲ့ထားရတဲ့ လက်ကိုသတိထားမိလိုက်သည်။ ထို့အပြင်မျက်လုံးကိုလဲ အဝတ်နှင့် စည်းခံထားရသည့်အတွက် ခေါင်းကိုဘယ်ညာယမ်းရင်း ဆဲရေးတိုင်းထွာမိ၏။
ထို့နောက်မှာတော့ မျက်စိကိုဖုံးထားတဲ့ပိတ်စကို လာဖယ်ပေးပြီးတဲ့အခါ မြင်လိုက်ရတာက ရှေးခေတ်က နန်းတွင်းတစ်ခုလိုအဆောင်အယောင်ကိုမြင်နေရ၏။
"အဟက် လာနောက်နေတာလား....ငါအခုထိအမူးမပြေသေးတာလား"
'အရှင်မင်းကြီးကို အရိုအသေပေး!'
ခေါင်းကိုပိတ်ရိုက်ကာပြောလာတဲ့ဘေးက အစောင့်တစ်ယောက် ....တကယ်ကိုပဲ ကိုရီးယားရှေးခေတ်ကားတွေထဲကလိုဝတ်စားဆင်ယင်ပုံမျိုးနဲ့ဖြစ်သည်။
ထို့နောက် ဝတ်ရုံအနက်မှာရွှေရောင်နဂါးပုံတွေနဲ့တင့်တယ်စွာဝတ်ထားသည့် သူတစ်ဦးရောက်ရှိလာသည်။တကယ်ပဲ ဘုရင်ခေတ်ကိုရောက်သွားတာလား? မယုံချင်ပင်မဲ့လဲ အိပ်မက်မဟုတ်မှန်းသိလာသည်။ ဘုရင်ခေတ်ဆို သူအသတ်ခံရဖို့က အသေးအမွှာကိစ္စဖြစ်နေပြီလေ။
အကြောက်တရားနဲနဲဝင်လာတာမလို့ မဆိုသလောက်တော့တုန်လှုပ်မိလာသည်။ ဒါပင်မဲ့လဲ ဘာအရေးလဲ သမိုင်းကြောင်းနဲ့ကိုင်ပေါက်ရမှာပဲ....ခက်တာက ငယ်ငယ်တုန်းက သမိုင်းဆို ဘဲဥမကွဲခဲ့တာပဲ
YOU ARE READING
Moonlight🌙
Romansaဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့ နဲ႔ဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့