ZawgyiNamjoon တစ်ယောက်တော့ ကုတင်ပေါ် ပိုးလိုးပက်လက်မူးရူးနေတဲ့ ကိုယ်ရံတော်Taeကိုအတော်လေးဒေါသထွက်နေ၏။
Chim နဲ့ sugaကတော့သူတို့မဟုတ်သလိုပဲ။ အရက်အတင်းတိုက်တုန်းကတိုက်ပြီးတော့..
တစ်ဘက်မှာတော့ မင်းကြီးက နဲနဲသက်သာနေပြီဖြစ်တာမလို့ ညီလာခံပွဲကိုအခွန်ကိစ္စနဲ့ကျင်းပ၏။ ဒါပင်မဲ့ စိတ်မချတဲ့ Jimin ဟာ sugaကိုပဲ ပွဲတက်ခိုင်းလိုက်ပြန်သည်။ မင်းကြီးyoongiကိုတော့နားနားနေနေ ရှိစေချင်တာမလို့ Park အိမ်တော်ရဲ့အနောက်ဘက်ကို ခေါ်လာလေ၏။မင်းကြီးကြွလာတာဖြစ်ပင်မဲ့ အိမ်ရှေ့စံအရွယ်ထဲက ဝင်ထွက်နေကျမလို့ သိပ်တော့အကြောင်းမရှိ...
*Jimin...အရင်က Jimin နဲ့ပြန်တူလာတယ်နော်..*
'MIN.....ကျွန်တော်က အရင်က ကျွန်တော်ပါပဲ'
Jimin ရဲ့ဖြေသံကိုကြားတဲ့အခါ မင်းကြီးက ပြုံးရင်း Jiminဆံပင်လေးတွေကိုသပ်တင်ပေး၏။
*အဲ့တာဆို Sugaကိုပေးခဲ့ပင်မဲ့ ကိုယ်ပြန်သိမ်းလို့ရမဲ့ Jiminလား...*
Jimin ရဲ့မျက်ဝန်းကိုအကြည့်စုံကာ လေးလေးနက်နက်ပြောလာတဲ့ မင်းကြီးကို Jimin ရင်ခွင်ထဲနစ်သွားအောင်ပွေ့ဖက်လိုက်သည်။
~လွမ်းနေခဲ့တာ... အရမ်းလဲကြောက်နေခဲ့တာ
မဟုတ်ရင် ဟိုဘက်ကမ္ဘာမှာ ပဲစိတ်ဓာတ်တွေကျပြီးရှိနေဦးမှာ.. Minကြောင့်ပဲ ဒီကမ္ဘာကိုပြန်လာဖို့ခွန်အားတွေရခဲ့တာပါ~*တစ်ခုခု ဝမ်းနည်းစရာရှိလို့လား*
Jimin မင်းကြီးကိုရင်ခွင်ထဲပွေ့ဖက်ထားပြီး ဆံနွယ်လေးတွေကို နမ်းနေတဲ့အချိန် မင်းကြီးက ငြိမ်နေရင်းမေးလာ၏။
~အရင်လိုပဲ ကျွန်တော့်ကိုဂရုစိုက်တုန်းပဲ~
'ဟင်အင်း...ဒီတိုင်း..လွမ်းလို့'
Jimin အဖြေကို မင်းကြီးက ကျေနပ်တယ်လို့ဆိုရလောက်တဲ့ ရယ်သံခပ်ပျက်ပျက်တစ်ခုကိုပေး၏။
YOU ARE READING
Moonlight🌙
Romansaဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့ နဲ႔ဟန်ဆောင်နေတဲ့ မျက်နှာကွာကျသွားခဲ့အခါ.....ပြောင်းလဲမှု များများစားစားမရှိပါစေနဲ့