Intro
4.8K 285 25
OPPOSING;
Unicode:
မှောင်မဲပြီးကျယ်ပြန့်လှတဲ့ခြံဝန်းကြီးထဲမှာ ကောင်လေးတစ်ယောက်ကခြံတံခါးဝကိုရောက်ဖို့အတွက် ဖိနပ်မပါလို့နာကျင်နေတဲ့ခြေဖဝါးတွေကိုဥပစ်ခါပြုပြီး ရှိသမျှအားအကုန်သုံးကာပြေးနေလေသည်။ ထိုကောင်လေး ခြံတခါးဝရောက်ခံနီး ခြံထဲရှိစံအိမ်ကြီးတစ်ခုလုံးမီးလင်းထိန်လာပြီး လူငယ်တစ်ယောက်ရဲ့စိတ်ပျက်စွာရေရွတ်သံထွက်ပေါ်လာသည်။
"ကျစ် Kim Tae Hyung ခင်ဗျားဗျာ "
အရမ်းမကျယ်ပေမယ့် တိုးသောအနေအထားမှာလည်းမရှိတဲ့ကောင်လေးရဲ့အသံက ညတိတ်ဆိတ်နေတဲ့ချိန်ဖြစ်လို့နေလိမ့်မည် သူကောင်းကောင်းကြားလိုက်ရသည်။ထိုကောင်လေးရဲ့အသံကြောင့် သူတစ်ချက်တုန်တက်သွားပေမယ့် 'ဒီခြံထဲကထွက်နိုင်ရင် Hyung ကိုလွှတ်ပေးမယ်' ဆိုတဲ့စကားကိုပြန်ကြားယောင်တော့ ကြောက်စိတ်တွေကိုဖြောက်ပစ်လိုက်ကာ ထပ်ပြေးလိုက်တော့ ရှေ့ကိုခြေတစ်လှမ်းထပ်မတိုးနိုင်ခင် ခွေကျသွားသောခြေထောက်နဲ့အတူ ခြေထောက်မှသွေးများစီးဆင်းလာသည်။ သူအားတင်ပြီးပြန်ထတော့လည်း ဘယ်လိုမှထလို့မရ၊ မျက်စိရှေ့မှာတင်မြင်နေရတဲ့သူရဲ့လွတ်လမ်းကိုသူထပ်ဆုံးရှုံးရအုံးမှာလား။
" Hyung! ဘာလို့အဲ့လောက်ဆိုးနေတာလဲ "
သူထဖို့အားယူနေတုန်းအနောက်ကကြားလိုက်ရတဲ့အသံကြောင့် သူလှည့်ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဘာခံစားချက်မှမရှိတဲ့ပုံစံမျိုးနဲ့သူကိုကြည့်နေတဲ့ Jeon Jung Kook.
" ဟုတ်တယ် ငါကဆိုးတယ် ကျေးဇူးပြုပြီးငါ့ကိုပြန်လွှတ်ပေးပါတော့ကွာ ''
သူပြောတဲ့စကားကိုပင်အရေးမစိုက် သူ့ကိုပွေ့ချီသွားပြီး
" ဒီတစ်ခေါက် ခြေထောက်လောက်နဲ့ကျေနပ်လိုက်မယ် နောက်တစ်ခါထွက်ပြေးဖို့ထက်ကြိုးစားရင် ကျနော် Hyung ကိုသတ်ပစ်မှာ "
ကောင်လေးရဲ့စကားကြောင့် ထယ်ယောင်းလန့်သွားသည်။ ဒီကောင်လေးကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ကောင်လေး သူရဲ့ဉာဉ်ဆိုးကြောင့်သူအခုလိုဒုက္ခခံနေရတာ၊ သူသာဒီကောင်လေးနဲ့မပတ်သက်မိခဲ့ရင် ဆိုတဲ့အတွေးကိုလည်းသူခနခနတွေးနေမိသည်။
---------------To°Be°Continue---------------
အဟောင်းတွေမပြီးသေးဘဲဲအသစ်အရမ်းရေးချင်နေလို့ပါ🤧
ဖတ်မယ့်သူရှိမှဆက်ရေးမယ် 😗
I Love all readers 😘
KimHsu(MinJee)
Zawgyi:
---------------To°Be°Continue---------------
အဟောင်းတွေမပြီးသေးဘဲအသစ်အရမ်းရေးချင်နေလို့ပါ🤧
I Love all readers 😘
KimHsu(MinJee)
OPPOSING Where stories live. Discover now