Ep(2)

1.6K 234 40
                                    

OPPOSING:

Unicode;

Jung Kook နဲ့သူနဲ့ခင်လာတာ အခုဆိုတစ်လနီးပါးလောက်ရှိပြီ ညတိုင်း Jung Kook ကmessage တွေပို့သည်။ သူ့ဘက်က အိပ်တော့နော်လို့မပြောမချင်းမအိပ်။ အဲ့ဒါကိုသူဘယ်လိုသိလည်းဆိုတော့ တစ်နေ့က Jung Kook နဲ့ message ပို့နေရင်း သူပင်ပန်းပြီးအိပ်ပျော်သွားသည်။ မနက်ကျောင်းကိုရောက်တော့ Jung Kook ကမရောက်သေး ကျောင်းတက်ခံနီးမှရောက်လာပြီး မျက်ကွင်းတွေကသိသိသာသာချောင်ကျနေတာကြောင့် သူမေးကြည့်တော့ 'ညက Hyung မှအိပ်တော့လို့မပြောတာတဲ့' သူကိုယ့်နှဖူးကိုယ်သာပြန်ရိုက်မိလိုက်သည်။ အဲ့နေကစပြီးသူမှာ ညတိုင်းထိုကောင်လေးကို အိပ်တော့လို့ပြောရတာ တာဝန်ကြီးတစ်ခုလိုဖြစ်ရော။

Jimin ကတော့ Jung Kook ကိုလိုအပ်မှသာစကားပြောသည်။ ဒါကို Jung Kook ကလည်းဂရုမစိုက် Jung Kook ဂရုစိုက်တာ တစ်ကျောင်းလုံးမှာသူတစ်ယောက်ဘဲရှိသည် ဟုသူတွေးမိပြီး မစီမဆိုင်မာန်တောင်တက်ချင်သွားသည်။ Jung Kook ဂရုစိုက်တာ တစ်ကျောင်းလုံးမှာမဟုတ် တစ်ကမ်ဘာလုံးမှာသူတစ်ယောက်ထဲရှိတယ်ဆိုတာသိရင်ရော သူဘယ်လိုနေမလဲ...။

" Hyung ဘာသောက်မလဲ "

" စတော်ဘယ်ရီမစ်ရှိတ် ဘဲသောက်တော့မယ် "

" ခနနော်ကျနော်သွားမှာလိုက်မယ် ''

ပြောပြီးတာနဲ့ပြေးထွက်သွားတဲ့ကောင်လေး ဘေးမှာထိုင်နေတဲ့ Jimin ကိုတော့ ဘာသောက်မလဲတစ်ချက်မမေးသွား social ကောင်းတဲ့ Jimin ကဘာကြောင့် ဒီကောင်လေးကိုမှ မခေါ်ချင်မပြောချင်သလိုလုပ်နေမှန်းသူနားမလည်။ Jung Kook မရှိတုန်းသူ Jimin ဘက်ကိုလှည့်လိုက်ပြီး

"Jimin မင်းဘာလို့ Jung Kook ကိုမခေါ်ချင်တာလဲ ''

သူမေးတော့ Jimin ကစိတ်ရှုတ်တဲ့ပုံမျိုးနဲ့ သူ့ခေါင်းသူတစ်ချက်ဖွလိုက်ပြီး

" မသိဘူးကွာ ငါစိတ်ထဲမှာတစ်မျိုးကြီးဘဲ သူမျက်လုံးတွေကိုလည်းမကြိုက်ဘူး မင်းလည်းသတိထားနေ ''

Jimin စကားကိုသူဘာမှပြန်မပြောမိ Jimin ဘာကြောင့် Jung Kook ကိုအဲ့လိုတွေထင်နေတာလည်းသူနားမလည် Jung Kook မျက်လုံးတွေကိုမကြိုက်ဘူးလို့ Jimin ခနခနပြောတာကြောင့် သူJung Kook မျက်လုံးကိုသေချာကြည့်မိသည်။ သူ့မျက်လုံးထဲမှာတော့ Jung Kook ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ဖြူစင်ပြီးအားငယ်နေသလိုမျိုး ။

OPPOSING Where stories live. Discover now