Ep(1)

2K 244 22
                                    

OPPOSING;

Unicode;:

"Kim Tae Hyung!!!"

ကုတင်ပေါ်မှာမှောက်ယားထိုးပြီး ဂိမ်းဆော့နေတုန်း အခန်းဝကနေ Jimin ရဲ့အော်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ဖိနပ်ကိုလက်ညှိုးထိုးပြပြီး

" မင်းဖိနပ်ကိုဘယ်လိုထားထားတာလည်း စည်းကမ်းကိုမရှိဘူး အဲ့ဖိနပ်ကမင်းဟိုနေ့ကမရရင်သေပါတော့မယ်ဆိုပြီး အိမ်ကိုလှမ်းပူစာထားတဲ့ဖိနပ်မလား "

"ဟုတ်တယ်လေ"

Jimin အမေးကို သူပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တော့ ဖိနပ်ပျံကသူ့စီကိုတည့်တည့်မက်မက်ရောက်လာတာကြောင့် သူဖမ်းလိုက်ပြီး

" Yarrr Park Jimin မင်း ငါ့စီလာရင်အေးဆေးလာလို့မရဘူးလား ပွစိပွစိနဲ့ "

" မင်းအချိုးမပြေရင်တော့ငါပြောရမှာဘဲ "

" မင်းအပြင်တွေမထွက်နဲ့ဆိုလို့ ငါမထွက်ဘဲနဲ့အိမ်မှာဂိမ်းဆော့နေတာလေ "

သူအပြောကို Jimin ကသက်ပြင်းချလိုက်ပြီး သူ့ဘေးနားဝင်ထိုင်ကာ

" Tae Hyung ငါပြောတာဒါကိုပြောနေတာမဟုတ်ဘူး မင်းလိုချင်လွန်းလို့ဝယ်ထားတဲ့ပစ္စည်းတွေကိုတန်ဖိုးထားခိုင်းနေတာ ပြီးတော့ မင်းရည်းစားတွေကိုရောဘဲ မင်းကမရခင်တုန်းကတော့ မရရင်သေပါတော့မယ်ဆိုတဲ့ပုံနဲ့ ကဲခု မင်းလက်ထဲလည်းရောက်ရောမင်းကအဲ့အရာကိုဂရုမစိုက်တော့ဘူး ပစ္စည်းတွေကကိစ္စမရှိပေမယ့် လူတွေကအားနာဖို့ကောင်းတယ်ကွ "

သူ့စကားကို Tae Hyung ကစိတ်ရှုတ်သလိုခေါင်းကိုကုတ်လိုက်ပြီး

" ဟုတ်ပြီ ငါကြိုးစားပြီးအဲ့အကျင့်ကိုပြင်မယ်ဟုတ်ပြီလား ပွစိပွစိနဲ့ "

သူအပြောကို Jimin ကမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါလိုက်သည်။

Tae Hyung မိဘတွေက Canada မှာနေကြသည်။ အမေက Canada သူ အဖေက Korea ဖြစ်တာကြောင့် Tae Hyung ကနှာတံလေးစင်းပြီး ယောက်ျားလေးလိုလည်းခန့်သလို၊ မိန်းကလေးတွေရှုံးလောက်ရအောင်လည်းလှသည်။ တစ်ဦးတည်းသောသားဖြစ်တာကြောင့် မိဘတွေကလည်းအလိုလိုက်ထားသည်။ သူလက်ညှိုးညွှန်ရာအကုန်ဝယ်ပေးသည်။ အခုလည်း အဖေ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Korea မှာကျောင်းတက်ဘူးချင်လို့ပါဆိုပြီးအတင်းပူဆာတာကြောင့် မိဘတွေကစိတ်မချပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာအောင် Korea မှာ တိုက်ခန်းဝယ်ပေးပြီး တစ်ယောက်ထဲနေစေသည်။

OPPOSING Where stories live. Discover now