(5),
Unicode;
"ဟိုရောက်တာနဲ့ကျနော်ကိုphဆက်နော်''
ဂျောင်ဂုရဲ့စကားကိုထယ်ယောင်းခေါင်းငြိမ့်ပြီးပြုံးပြလိုက်သည်။ ဂျောင်ဂုကထယ်ယောင်းရဲ့ပါးလေးကိုဖွဖွလေးဆွဲလိုက်ပြီး
"ကျနော့်ကိုထားခဲ့ရမှာအရမ်းပျော်နေသလိုဘဲနော်''
ဂျောင်ဂုကပြုံးပြုံးလေးနဲ့ပြောလိုက်တော့ ထယ်ယောင်းကဂျောင်ဂုခါးကိုဖက်ကာရင်ခွင်ထဲခေါင်းမှီလိုက်ပြီး
"ငါ့မိဘတွေစီပြန်ရမှာမို့လို့ပါ ဖြစ်နိုင်ရင်မင်းနဲ့ခွဲချင်တာမဟုတ်ဘူး''
"အဲ့တာဆိုကျနော်လိုက်ခဲ့ရမလား''
ဂျောင်ဂုစကားကိုကြားတော့ ထယ်ယောင်းရင်ခွင်ထဲကနေအလန့်တကြားပြန်ထွက်ပြီး ဂျောင်ဂုရဲ့အကြည့်တွေကိုရှောင်ကာ
"လိုက် လိုက်လို့မရဘူးလေ ငါမိဘတွေကိုဘာမှမပြောထားရသေးဘူး''
"Hyung ချစ်သူအနေနဲ့မဟုတ်ဘဲ သူငယ်ချင်းအနေနဲ့ရောလိုက်လို့မရဘူးလား''
"ဟို အဲ့တာကလေ နောက်တစ်ခေါက်...နောက်တစ်ခေါက်မှလိုက်ခဲ့နော် အခုကအကြာကြီးပြန်မှာမှမဟုတ်တာခနလေးကို''
ဂျောင်ဂုလက်ကိုကိုင်ပြီး ချော့သလိုလေးပြောလိုက်တော့ ဂျောင်ဂုဘက်က ဟက်ခနဲတစ်ချက်ရီလိုက်ပြီး
"ကျနော်ကနောက်နေတာပါဗျာ သွားတော့လေ လေယာဉ်ချိန်နီးနေပြီမလား ပြီးတော့ Hyung မမေ့နဲ့နော် Hyungကကျနော်ရဲ့ကောင်လေးဆိုတာ ''
"မေ့စရာလား သွားပြီနော်''
သူ့ကိုလက်ပြကာထွက်သွားတဲ့ ကျောပြင်လေးကိုငေးကြည့်ပြီးမြင်ကွင်းထဲကပျောက်မှ ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ Joh လို့မှတ်ထားတဲ့ နံပါတ်ကို ph ခေါ်လိုက်ပြီး
"လေယာဉ်လက်မှတ်အဆင်သင့်ဖြစ်ပြီလား''
************
ထယ်ယောင်းလေယာဉ်မထွက်ခင်အထိ ဆူဂျင်းနဲ့message တွေအပြန်လှန်ပို့ကာ အူမြူနေသည်။ ဘာလို့ဆို ဆူဂျင်းကသူ့ကိုလေဆိပ်မှာလာကြိုမယ်တဲ့ အဲ့တာအပြင်သူတောင်းထားတဲ့အဖြေပါပေးမယ်လို့ပြောသည်။
![](https://img.wattpad.com/cover/227189841-288-k207388.jpg)
YOU ARE READING
OPPOSING
Fanfiction^KookV^ Top: JungKook Bottom: TaeHyung Start date: 29.5.2020 End date: