(4);
Unicode;''လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ....''
'ခွမ်း'
ဂျောင်ဂုထယ်ယောင်းစီကိုphခေါ်နေသည်မှာအခါတစ်ရာမကတော့ ဆက်လိုက်တိုင်းphကလူကြီးမင်းနဲ့သာတိုးနေတာကြောင့် သူစိတ်တိုတိုနဲ့ pH ကိုနံရံဘက်ကိုပစ်ပေါက်လိုက်သည်။ထယ်ယောင်းကိုညဘက်တွေph ဆက်လို့မရသည်မှတစ်ရက်နှစ်ရက်မကတော့ သူကျောင်းတစ်ရက်ပျက်ပြီးထဲကဖြစ်သည်။ ကျောင်းမှာလဲ သူ့အပေါ်အရင်လိုမဟုတ်တော့ သိသိသာသာဖယ်ရှောင်နေတာကို ဂျောင်ဂုသတိထားမိသည်။
ဂျောင်ဂုကျယ်လောင်စွာတောက်ခေါက်လိုက်ပြီး နံရံမှာကပ်ထားတဲ့ ထယ်ယောင်းရဲ့ပုံတွေကိုမျက်ထောက်နီကြီးနဲ့ကြည့်ကာ ဓာတ်ပုံထဲကပြုံးရီနေတဲ့ထယ်ယောင်းရဲ့မျက်နှာကို အားနဲ့ထိုးချလိုက်ပြီး
''Hyung အချိုးတွေမြန်မြန်ပြင်လိုက်ရင်ကောင်းမယ် ''
လို့ရေရွတ်လိုက်ပြီး သူ့ရဲ့နောက်ဖုန်းတစ်လုံးကိုထုတ်ကာ တစ်စုံတစ်ယောက်ကိုph ဆက်လိုက်သည်။*******
ထယ်ယောင်းဒီနေ့ကျောင်းကိုအရင်နေ့တွေထက်စောပြီးရောက်နေသည်။ ကျောင်းရောက်ပြီဆိုသူခေါင်ထဲအမြဲလိုလိုဝင်လာတဲ့အတွေးက ဂျောင်ဂုကိုဘယ်လိုဖြတ်ရမလဲဆိုတာကိုပင်ဖြစ်သည်။ အခုဆိုဆူဂျင်းနဲ့သူနဲ့လည်းအဆင်ပြေသလိုရှိနေပြီ သူဆူဂျင်းကိုဖွင့်ပြောထားတာ ဆူဂျင်းကသူကနေဒါကိုပြန်ရောက်ရင်အဖြေပေးမယ်တဲ့။ဆူဂျင်စီကသာအဖြေရရင်သူအရင်လိုမရှုတ်တော့ဘဲ ဆူဂျင်းတစ်ယောက်ထဲကိုသာအတည်တွဲတော့မည်ဖြစ်ကြောင်း ဂျီမင်ကိုပြောပြတော့ ဂျီမင်က''မင်းအတည်တွဲချင်တဲ့သူရှိသေးသားဘဲ''ဆိုပြီးခနဲ့သည်။ ဂျောင်ဂုနဲ့သူနဲ့အကြောင်းကိုတော့ဂျီမင်အခုထိမသိသေးပေ။ သူကလည်းဖြတ်တော့မှာမို့ အရေးကြီးခွင်ကျယ်လုပ်ပြီးတော့လည်းပြောပြမနေတော့။
''Hyung!!!''
သူအတွေးလွန်နေတုန်း ခေါ်သံကြားလိုက်လို့ အသံကြားရာကိုလှည့်ကြည့်လိုက်တော့ သူကိုရီပြပြီး သူ့စီကိုပြေးလာနေတဲ့ဂျောင်ဂုကြောင့် သူလည်းပြန်ရီပြလိုက်ပြီးရပ်စောင့်နေလိုက်သည်။ ဘာဘဲဖြစ်ဖြစ်အခုကဂျောင်ဂုနဲ့သူနဲ့တွဲနေတုန်းဘဲမလား။

YOU ARE READING
OPPOSING
Fanfiction^KookV^ Top: JungKook Bottom: TaeHyung Start date: 29.5.2020 End date: