1 🧜‍♂️ (U+Z)

1.4K 60 10
                                    

Unicode 👇

Aqua Academy (AqAc)

ရေသတ္တဝါများအကြောင်းသာ လေ့လာသည့် တက္ကသိုလ်ငယ်လေးတစ်ခု။ အစိမ်းရောင်အပင်ကြီးငယ်များ ခြံရံလျက်ရှိသော အလွန်မြင့်မားကျယ်ပြန့်သည့် ရေတံခွန်လေးတစ်ခုသည် ဘန်ကောက်မြို့အစွန်က သစ်တောလေးအတွင်း၌ တိမ်မြုပ်လျက်ရှိသည်။ ထိုရေတံခွန်လေးဘေးတွင်မူ AqAc ဟူသော တက္ကသိုလ်ငယ်လေးရှိသည်။

တက္ကသိုလ်ငယ်လေးဟုဆိုသော်လည်း သေးငယ်ပြီး တိုးတက်မှုမရှိသော အဆောက်အအုံလေးတစ်ခုမဟုတ်။ နန်းတော်အလား ထင်မှတ်ရလောက်အောင် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည်။

အပြင်ဘက် အဖြူရောင်နံရံတွင် အစိမ်းရောင်နွယ်ပင်များက အနွယ်မှ အထက်သို့ ယှက်ကာ ပေါက်နေသည်။ ထိုအစိမ်းရောင် အရွက်များကြားတွင် သေးငယ်သော ပန်းမျိုးစုံတို့ကလည်း အရောင်အသွေးစုံလင်စွာ ကွက်ကြား ပေါက်ရောက်နေကြသည်။

မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ဟူ၍ သုံးထပ်ရှိပြီး အပြာရောင် ခေါင်မိုးမှာ ပိရမစ်ပုံဖြစ်နေသည်။ ထိုပိရမစ်ပုံ ခေါင်မိုးတွင်လည်း အခန်းများရှိသောကြောင့် ထိုအဆောက်အအုံလေးတွင် စုစုပေါင်း ၄ ထပ်ရှိလေသည်။

ထိုတက္ကသိုလ်လေးတွင် တက်ရောက်သော ကျောင်းသားကျောင်းသူတို့မှာ ရေသတ္တဝါများ အကြောင်းစိတ်ဝင်စား၍ အသေးစိတ် စနစ်တကျ လေ့လာလိုသူများသာဖြစ်ကြသည်။

တက္ကသိုလ်ရှေ့တွင် အလွန်လှပသော ပန်းဥယျာဥ်အကျယ်ကြီးရှိသည်။ ထိုဥယျာဥ်ထဲတွင် နေရာတိုင်းလိုလို ခုံတန်းရှည်များ စားပွဲဝိုင်းများရှိပြီး ကျောင်းသားကျောင်းသူများ စားသောက် အပန်းဖြေရာ နေရာလေးဖြစ်သည်။

ထိုဥယျာဥ်ထဲက စားပွဲဝိုင်းလေးတစ်ခုတွင် ကောင်လေးတစ်ယောက် ပန်းသီးဖျော်ရည်သောက်ရင်း စာအုပ်ဖတ်နေသည်။

ကျောင်းဝတ်စုံဖြစ်သည့် အဖြူရောင်ရှပ်လက်ရှည်၊ Necktie အပြာနုရောင်နှင့် အပြာရင့်ရောင် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားသည်။ အသားဖြူဖြူ အကောင်သေးသေးလေးနှင့် ထိုကောင်လေးသည် ချစ်ဖို့ကောင်းသည်ဟု ပြောနိုင်သည်။

My Man Merman || Offgun [Hiatus]Donde viven las historias. Descúbrelo ahora