8

421 50 18
                                    

မနက်ကျောင်းရောက်တော့ အခန်းပေါက်ဝက စောင့်နေတဲ့ kris တို့သုံးယောက်......chanမြင်တည်းက စိုက်ကြည့်နေတော့ ရှက်တာပေါ့ ပြီးတော့ ဘေးမှာလဲ hunလည်းရှိနေတယ်.......အနားရောက်တော့ ကိုယ်ရှေ့ကနေ ပိတ်ရပ်ပြီး   .......

Kris''ကိုယ့်ကို အဖြေလေးတော့ ပေးအုံးလေ.....''

Se''chan အခန်းထဲသွားရအောင်....''

Kris''ဒီမှာ ငါ chanနဲ့ စကားပြောနေတယ်လေ sehun shi.....မင်းဝင်ချင်ရင် တစ်ယောက်တည်းဝင်''

Se''ဖယ် အရှေ့ကနေ ငါဝင်မလို့''

Chan''အင့်ဟင့် မဝင်ရပါဘူး အဖြေကိုလည်း ပေးမယ်.....''

Chan အဖြေပေးမယ်ဆိုလို့ ရပ်ကြည့်နိုင်တဲ့ ခံနိုင်ရေအားမရှိတာကြောင့် အခန်းဝင်မယ်ဖို့ ခြေလှမ်းပြင်တော့ ကိုယ်အင်္ကျီလေးခါကိုင်ပြီး မဝင်ဖို့တားပြန်ပြီ chan  ရေ အဲ့လောက်မရက်စက်နဲ့လေ ကိုယ်နှလုံးသားက ကျောက်ဆစ်ခဲမဟုတ်ဘူး chan သွေးနဲ့သားနဲ့ တည်ဆောက်ထားတာ.......

Se''ကိုယ်ရှိဖို့လို့လား chan.....''

Chan''အွန်း လိုတယ် hun ဒီမှာပြောလို့မကောင်းဘူး ခေါင်မိုးထပ်ကိုသွားကြမလား.....''

Kris''chan လေး သဘောပါဗျ.....''

Chan''သွားရအောင် hun..... ''

ခေါင်မိုးထပ်ရောက်တော့ kai နဲ့ baek ကတော့ ခုံတန်းပေါ်မှာထိုင်နေပြီး chan တို့သုံးယောက်ကတော့ မတ်တပ်ရပ်နေလျှက် hunနဲ့ kris ကတော့ မျက်လုံးချင်း စစ်ခင်းနေကြလေရဲ့ chan ဘယ်သူကိုမှ မနာကျင်စေချင်ဘူး......

Chan''chan တစ်ခုပြောစရာရှိတယ် krisကို....''

Kris''အွန်းပြောလေ ကိုယ်နားထောင်နေတယ်....''

Chan''chan kris ကို စောင့်ကြည့်အုံးမယ် တွေ့တာမကြာသေးတော့ kris အကြောင်းကိုလည်း chan ဘာမှမသိသေးဘူး chan အကြောင်းလဲ......kris မသိသေးဘူး....အဲ့တော့........ ''

Kris''ကိုယ်နားလည်ပါတယ် chan ကိုယ်တို့တွေ့တာ မကြာသေးပင်မဲ့ ကိုယ်အချစ်ကိုတော့ ယုံကြည်စေချင်တယ်.... ပြီးတော့ အချိန်ဘယ်လောက်ယူမှာလဲ chan....''

သုံးယောက်ရပ်နေကြပင်မဲ့ krisနဲ့chanနဲ့သာ စကားပြောနေကြပင်မဲ့ sehunကတော့ ကောင်းကင်ပြင်ကြီးကိုသာ ဆွေးမြေ့မြေ့ကြည့်နေလေရဲ့ အင်းလေ အခုချိန် သူရင်ထဲ ဘယ်လောက်ပူလောင်နေလိုက်မလဲ ဖမ်းဆုတ်လို့လဲမရ လက်လွတ်ဖို့လည်း မဖြစ်နိုင် အဲ့ခံစားချက်ကိုနားလည်တာမို့ ကိုယ်ချင်းစာနိုင်ပါတယ်.....baekလည်း ကိုယ့်အချစ်ကို မြင်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ......

Heart-beat (Zawgyi / Unicode) Where stories live. Discover now