10

474 40 22
                                        

Chanက ကစားကွင်းသွားသည်မို့ တစ်ယောက်တည်းနေရန် ဆုံးဖြတ်ထားသော်လည်း kaiတို့နဲ့ထမင်းလိုက်စားစေချင်သော chanကြောင့် အခုထမင်းစားပွဲပေါ်က ထမင်းပန်ကန်ထဲက ထမင်းကို စိတ်မပါစွာ စားနေတုန်း ဘေးကနေ စကားတွေပြောလိုက် ဟင်းတွေထည့်ပေးလိုက် လုပ်နေသော baekhyun ဆိုသောလူသားကြောင့် တော်တော်လေးစိတ်ညစ်မိသည်......

Kaiကိုကြည့်လိုက်တော့လည်း ကိုယ့်ကိုအားကျသောအကြည့် ၊ နာကျင်နေသောအကြည့်တို့ဖြင့် ကြည့်နေလေသည် ဒါမျိုးကို ကိုယ်လည်းလက်တွေ့ခံစားဖူးတာကြောင့် အမှန်ကိုမမြင်နိုင်တဲ့ baekhyun ကိုမြင်အောင်ပြပေးရမည်.........

Se''မမောသေးဘူး baekhyun ''

Baek''ဟီး မမောပါဘူး......''

Kai''လိမ်ပြန်ပြီ ရော့ရေသောက်လိုက်အုံး.....''

Baek''အင်း.....ရော့....''

ကိုယ်ပေးလိုက်တဲ့ ရေဗူးကိုယူပြီး သူရှေ့မှာ ထိုင်နေတဲ့ sehunကို လှမ်းပေးကာ ပြုံးနေသည့် baek နှလုံးသားထဲ ဆူးနှစ်အောင်နာပင်မဲ့ ကိုယ်ပြုံးနေမိတယ် အနဲဆုံးတော့ သူပြုံးနေတယ်လေ ကိုယ်ကျေနပ်ပါတယ်......

Se''ဟူး baekhyun ငါသူများပေးတဲ့ ဟာတွေ အလွယ်တကူမယူတက်ဘူး.....''

Baek''ဘာဖြစ်လို့လဲ hun.....ငါတို့က သူငယ်ချင်းမဟုတ်ဘူးလား''

Se''ကျေးဇူးပြုပြီး ငါနာမည်ကိုအပြည့်အစုံခေါ်ပေးပါ ဘာလို့ဆို hunဆိုတာ chanတစ်ယောက်တည်း သီးသန့်ဖြစ်တည်မှုမို့......''

Baek''ဘာလို့ sehunရယ် ဘာလို့လဲ စတောင်မစရသေးဘူး ဘာလို့ငါကို လမ်းတွေပိတ်နေရတာလဲ....''

Kai''baek...... ''

Se''ဘာလို့ဆို ငါနှလုံးသားထဲမှာ chan ကိုဘဲနေရာပေးပြီးသား ဖြစ်နေတာမို့ နောက်ထပ် ဘယ်သူကိုမှလဲ ဝင်ခွင့်မပြုနိုင်......မဟုတ်ဘူး အနားကပ်ခွင့်တောင်မပြုတာမို့.....''

Baek''မင်းရက်စက်လိုက်တာ......''

Se''မင်းလည်းအတူတူဘဲလေ ငါရက်စက်တာက တော်ပါသေးတယ် မင်းကမှ.....''

Baek''ငါဘယ်နေရာမှာ ရက်စက်မိတာလဲ ပြောပါအုံး.....သိချင်လို့ပါ......''

Se''ဟူး beakhyun မင်းကိုယ့်အနီးမှာတန်ဖိုးရှိတဲ့အရာကို မြင်အောင်ကြည့်ပြီး တန်ဖိုးထားပါ မဟုတ်ရင် အဝေးရောက်သွားမှ ပြန်လိုချင်တောင် အရင်လိုပြန်မရနိုင်တော့ဘူး.... ပြီးရင် မင်းနှလုံးသားကို ပြန်စမ်းစစ်ပါ......''

You've reached the end of published parts.

⏰ Last updated: Jul 14, 2020 ⏰

Add this story to your Library to get notified about new parts!

Heart-beat (Zawgyi / Unicode) Where stories live. Discover now