မြေခ(part.1)

10.7K 530 2
                                    

ဟန်နန်းတော်ကြီးရဲ့ဆွေးနွေးခန်းမှာရုတ်ရုတ်သဲသဲ တယောက်တယောက်တပေါက်ဖြင့်ဆူညံနေသည်

ရုတ်တရက်ပွင့်ဟလာတဲ့တခါးမကြီးအသံအဆုံးမှာ.....အသက်၂၄နှစ်အရွယ်.....၆ပေ
ကျော်တဲ့အရပ်...
ယောက်ကျာ်းဆန်တဲ့ခန္ဓာကိုယ်.....တည်ကြည်တဲ့မျက်ဝန်းတစ်စုံနဲ့ထူထည်းတဲ့မျက်ခုံးအစုံကိုကျုံ့လျက်.....

နှုတ်ခမ်းတစုံကတော့စေ့စေ့ပိတ်ထားပြီး...မျက်နှာတော်ကဒေါသအချို့
ကိုပုံဖော်ထားသည်.......

ဟန်နိုင်ငံရဲ့ဘုရင်မင်းမြတ်ပီပီအဆောင်ယောင်တို့မှာလည်းခမ်းနားလွန်းလှသည်။

ရွေရောင်ကြာမျှင်နဲ့ရက်လုပ်ထားတဲ့တော်ဝင်နဂါးဝတ်ရုံတော်မှာတော့....
ခြေတလှမ်းလှမ်းလိုက်တိုင်းသာမန်လူလိုက်မမှီနိုင်တဲ့အကွာအဝေးကြောင့်ကျယ်ဝန်းလှတဲ့ခမ်းမဆောင်အရှေ့ရှိပုလ္လင်ပေါ်သို့ပင်ထိုင်ရက်ရောက်နေပေပြီ.......

ဂဏ္ဍတစ်ခုချင်းစီရဲ့အမတ်လောင်းတွေကလဲ
ငြိမ်ကျသွားပြီးဘုရင်မင်းမြတ်ယွီလင်ဖုန်းရဲ့အမိန့်တော်ကိုခေါင်းငုံလျက်စောင့်ဆိုင်းနေကြသည်

ဘုရင်မင်းမြတ်ကအသက်ငယ်သေးပေမဲ့သြဇာအာဏာကြီးမားပြီးအရာရာတိုင်းကိုအောင်မြင်လုပ်ဆောင်နိုင်သူမို့အသက်အရွယ်ကြီးနေပြီးဝါရင့်အမတ်ကြီးတွေကပင်ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရသည့်ဟန်ဘုရင်မြတ်တစ်ပါးပင်ဖြစ်သည်

နှုတ်တော်ဟလိုက်ပြီဆိုသည်နှင့်အပ်ကျသံပင်မကြားရသောဆွေးနွေးခန်းမကြီးဟာ
သြဇာညောင်းသည့်အငွေ့အသက်များနှင့်ဖုံး
လွမ်းထားလျက်

"အပစ်သားတွေအကုန်...ဆွေစဥ်မျိုးဆက်သတ်ပစ်"

သြလျလျအသံအဆုံးအံသြမှုအသံတို့ဖြင့်
ခန်းမထက်ခဏတာဆူညံသွားစေသည်
တိုတောင်းပြတ်သားလှသည့်အမိန့်သံနှင့်
မည်သည့်ဆူညံသံကိုမျှဂရုမစိုက်ပဲ
ခန်းမထဲမှာပြန်ထွက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော်ကချေသည်အဖွဲ့
ဟန်ဆောင်ကာနိုင်ငံနှစ်ခုကြားလက်နက်ကုန်
သွယ်နေကြခြင်းကြောင့်ပင်ဖြစ်သည်။

ထိုခေတ်အခါကကမ္ဘာတွင်ဟန်နိုင်ငံဟုဆိုလျှင်မသိသူမရှိလောက်အောင်ကြီးမားကျယ်ဝန်းပြီးစစ်သည်အင်အားလည်းတောင့်
တင်းလှသည်။နိုင်ငံသေးသေးလေးတွေကိုမဆိုနှင့်အပြိုင်အဆိုင်နိုင်ငံတို့ကိုပင်အေးဆေးတိုက်ခိုက်အနိုင်ယူနိုင်လောက်အောင်အင်အားကြီးမားသည်....,.......

မြေခ凉爽的河和太阳(Completed)uni+zawWhere stories live. Discover now