မြေခ(part.6)

4.3K 362 2
                                    

အိမ်ခန်းကပင်ကြီးကျယ်ခန်းနားလွန်းလှသည့်ဘုရင့်နန်းဆောင်မဟုတ်ပါလား...
ညကဒီအခန်းထဲမှာအိပ်ပျော်သွားချင်းပင်
ဘယ်လိုဖြစ်လို့အိပ်ရာပေါ်ရောက်နေသည်လဲ
မသိပေ....
ခဏကြာတော့ခြေသံတစုံကအခန်းတံခါးရှေ့ရောက်လို့လာခဲ့သည်..

....ကျွီ......

ပွင့်သွားတဲ့တံခါးနောက်ကွယ်မှာတော့အကြည့်စူးစူးနဲ့ချုန်းရန်ကိုစိုက်ကြည့်နေတဲ့လင်ဖုန်း
မျက်ဝန်းတို့ကတကယ်ကိုမှအရည်ပျော်ကျမတတ်....

"အရှင်..."

"မင်းဘာလုပ်နေသေးတာလဲ...ဆင်းသွားစမ်း"

"ဗျာ...."

"နားမလည်တာလား"

"ဟုတ်...ဟုတ်ကဲ့ပါအရှင်"

အပြေးတပိုင်းကုတင်ပေါ်ကခုန်ဆင်းလာကာအားနည်းပြီးယိုင်နဲ့နဲ့ကိုယ်ခန္တာကကြမ်းပြင်အောက်ပုံကျလျက်ခွေလဲသွားတော့
လင်ဖုန်းတစ်ယောက်သူ့ကိုယ်သူပင်မသိလိုက်ပါ

လက်အစုံကသစ္စာဖောက်စွာပင်ချုန်းကို
ထိကိုင်ရင်းမေးခွန်းအချို့ကိုတရဆက်မေးနေမိသည်.....မိမိရင်ခွင်ထဲကထိုကောင်လေးကို

"အဆင်ပြေရဲ့လားး....ခေါင်းမူးနေသေးတာလား.....ကိုယ်ပူကကျပါပြီ"

စိတ်ပူစွာပြောရင်း ချုန်းရန်နှဖူးပေါ်လက်လေးစမ်းတော့မိမိကိုတအံတသြပြန်
ကြည့်လာတဲ့မျက်ဝန်းပြာလဲ့လဲ့ကအရည်ရွှမ်းလျက်ပင်.....

"အရှင်.......ဒါဆိုညက...."

ချုန်းရန်ကတိုက်ရိုက်ကြီးမေးလာတော့လင်ဖုန်းလဲမျက်နှာပူရပြီ

"Ommmမင်းပိုအအေးပက်နေမှာစိုးလို့ပါ"

"Awwwဟုတ်ကဲ့ပါ"

လင်ဖုန်းဘုရင်တဲ့လား?သူတပါးအပေါ်ဂရုစိုက်စိတ်ပူပေးနေတာ.....ပြီးတော့ရှက်ယမ်းကလဲယမ်းသေးသည်

"ပြန်လို့ရပြီ...ကိုယ်တော်အလိုရှိမှခေါ်မယ်"

"အမိန့်အတိုင်းပါ..........ခွင့်ပြုပါအုံး"

ယိုင်နဲ့ယိုင်ထိုးဟိုကိုင်ဒီကိုင်နဲ့ကောင်လေးထွက်သွားတော့မှခုန်နေတဲ့နှလုံးတစ်စုံကိုဖိလိုက်ရင်းသက်ပျင်းရှည်ကြီးချမိသည်.....

မြေခ凉爽的河和太阳(Completed)uni+zawWhere stories live. Discover now