မြေခ(part.4)

4.9K 407 2
                                    

ချုန်းရန်အိပ်ပျော်နေခိုက်တိတ်တဆိတ်ဝင်လာတဲ့​ခြေသံတစ်စုံတရာကြောင့်အသိစိတ်နဲ့အတူမျက်လုံးကပါပွင့်လျက်.........

တံခါးအနောက်တွင်ရှိနေသောတစ်စုံတယောက်က အမဲရောင်အရိပ်သာတွေ့မြင်နေရသည်မို့အရှေ့တိုးလာလိုက်သည်....

ရုတ်တရက်မိမိပါးစပ်ကိုပိတ်လိုက်ပြီးအနောက်ကနေပွေ့ဖက်လိုက်သည့် ထိုလူကားအကျီအမဲမျက်နှာဖုံးနဲ့သူလျှိ့လိုလိုဘာလိုလိုဖြင့်.....အတင်းအကျပ်ကြီးချုပ်ထားသည်လဲမဟုတ်တာကြောင့်သိလိုက်ပါသည်မိမိအရှင်

"အရှင်...."

"Ommmm"

"အရှင်အန္တရာယ်များပါတယ်"

"ချုန်းရန်လိုက်ခဲ့ပါ"

"အရှင်........"

"ကိုယ့်ကိုယုံ"

"အွန်း"

ချုန်းရန်လက်ကိုဆွဲ ပြီးအဆောင်တော်ပြတင်းပေါက်ကနေခုန်ထွက်ခဲ့လိုက်ပြီး.....
နန်းတော်ဆောင်မြောက်ဘက်အုတ်ရိုးကနေခုန်ထွက်ရမည်မို့ ချုန်းရန်အဆောင်ကနေတော်တော်တော့လှမ်းသည်....

ကင်းလှည့်စောင့်ကြည့်နေတဲ့ရဲမတ်တွေကိုလဲ
ရှောင်ရ.....ချုန်းရန်ကိုလဲဆွဲထားရနှင့်ဝူရှင်း
တော်တော်တော့ဂရုစိုက်ရပေမည်.....နေရာအနှံအစောင့်ကြပ်ပေါင်းများစွာဖြင့်

တနေရာအရောက်အကျီအမဲရောင်နှင့်လူအချို့လျပ်တပျက်ဝင်ရောက်တိုက်ခိုက်သည်
အများနဲ့တယောက်အင်အားမို့ ချုန်းရန်လက်ကိုသာဆွဲရင်း ထောင့်တနေရာတွင်ဝင်ပုန်းလိုက်သည်

မဖြစ်ပေတော့ဒီတိုင်းသာဆိုနှစ်ယောက်လုံးနန်းတော်ကမထွက်နိုင်သလို....အဖမ်းခံရလျှင်လဲသေမိန့်ဖြစ်နိုင်သည်မို့.......အရှင်ကိုယ်လွတ်ရုံးပါတော့အရှင်

"အရှင်"

"Ommmရူး....."

"ကျွန်နော်မျိုးကိုဓားစာခံလုပ်လိုက်ပါ"

"ချုန်းရန်.....ကိုယ်တော်က"

"မဟုတ်ရင်နောင်ဘဝဆိုတာမရှိတော့ဘူးအရှင်"

သိပါသည်ချုန်းရန်ကထက်မြတ်သူတယောက်မို့သူ့အစီစဥ်အတိုင်းသာလိုက်ရန်ဆုံးဖြတ်လိုက်ပြီးချစ်ရသူချုန်းရန်လည်ပင်းထက်တွင်မိမိငွေကျူဓား (ကျူဘုရင်အဆက်ဆက်သုံးခဲ့သောမြင့်မြတ်သည့်ဓား) ကိုတင်လိုက်သည်

မြေခ凉爽的河和太阳(Completed)uni+zawWhere stories live. Discover now