မြေခ(part.3)

5.3K 427 2
                                    


တစ်ချိန်ကကျူနိုင်ငံရဲ့ဘုရင်းမင်းမြတ်ဝူရှင်း
သွေးပူစွာဖြင့်ရွှေရောင်တလက်လက်နဲ့ဓားကို
လေထဲတွင်ဝှေ့ရမ်းရင်း.....အသက်မဲ့သစ်ပင်တို့အားရန်ပြုလျက်ဒေါသတကြီးဖြင့်

"ကိုယ်ရံတော်ရန်း......"

တခါခေါ်လိုက်သည်နှင့်ဒူးထောက်လျက်ရောက်လာပါသောထိုသူ

"အမိန့်တိုင်းပါ..ဝူရှင်းအရှင်"

"ပြင်ဆင်ထားပါ....ခုညပဲသွားရမယ်"

"အရှင်..ခုညက"

"အမိန့်ကိုဆန့်ကျင်တာလား....."

"စိုးရိမ်မိပါတယ်အရှင်"

ဘာကိုမှမမြင်နိုင်ပါမိမိအန္တရာယ်ကျော့ကွင်း
ထဲကိုယ်တိုင်ဆင်းရမည်ကိုသိသော်လည်း
မြတ်နိုးရပါသောချုန်းရန်ကကျော့ကွင်းထဲမှာမဟုတ်ပါလား......

ချုန်းရန်လေးကားနတ်ဆရာအလိုကျဟူသောစကားလုံးအချို့နဲ့နန်းတော်ထဲခေါ်လာခဲ့ခြင်းပင်ဖြစ်လင့်ကစားအခြားသူများနဲ့မတူရိုးစင်းအေးချမ်းမှုဆောင်ကျဥ်းထားသညကြောင့်ကိုယ်တိုင်ကပင်မထိရက်မကိုင်ရက်လွန်စွာတန်ဖိုးထားရပါသည်.......

အခုဆိုလဲဘယ်လောက်တောင်စိတ်ပူပင်ကျဥ်းကျပ်နေလိုက်မလဲလေ........
ကိုယ်မကြာခင်လာကယ်ထုပ်မှာမို့စောင့်နေပေးပါကိုယ်တော့်ချုန်းရန်လေး........

--------------------------------------------------

နန်းတော်ကြီး၏လျှိုဝှက်ဆောင်ထဲတွင်အနက်ရောင်ဝတ်စုံ....အနက်ရောင်မျက်နှာဖုံး
နဲ့အနက်ရောင်ခေါင်းစည်းတို့တွင်လျို့ဝှက်တပ်ဖွဲ့ဝင်တံဆိပ်ခက်ထားသောလူတစ်စု

"အားလုံးပဲသတိရှိကြပါ......အခုကစပြီးအန္တရာယ်ကအချိန်မရွေးရောက်လာနိုင်တယ်"

"ဟုတ်ကဲ့....."

"ကဲနေရာယူကြလော့"

ကိုယ်စီတာဝန်ယူမှုအပြည့်နဲ့တိတ်တဆိပ်
လေအလျှင်နဲ့ထွက်ခွာသွားကြသည်.......
အကြံပေးအမတ်ကြီးလဲလျို့ဝှက်ခန်းကထွက်လာပြီးဘုရင့်နန်းဆောင်ရှေ့ရောက်ပြန်လာပြီးအခစားဝင်မည်အလုပ်.....ညအိပ်ဝတ်ရုံဖြူ ကိုဝတ်ဆင်ထားပြီး.....အိပ်ဆောင်တော်အတွင်းမှထွက်လာသည့်လင်ဖုန်းဘုရင်ကြောင့်မျက်နှာချင်းဆိုင်မိလေသည်

မြေခ凉爽的河和太阳(Completed)uni+zawWhere stories live. Discover now